ကိုအောင်မှိုင်း - ကဗျာဆက်ရေးမယ်
ကိုအောင်မှိုင်း - ကဗျာဆက်ရေးမယ်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၂
နှလုံးသားမှာ
ကြေကွဲစရာတွေနဲ့ အပြည့်
နေရောင်အောက်က မုန်တိုင်း
ဖိနပ်မရှိတော့တဲ့ ခြေထောက်
အိမ်မရှိတော့တဲ့ လူအများ
တင်းကုပ်မရှိတော့တဲ့ နွားတရှဉ်း
မြို့ပြမှာ ဆိုတဲ့ အချစ်သီချင်း
မှုန်ဝါးဝါးအလင်းနဲ့ မီးလင်းတိုင်
အရှုံးမပေးခဲဲ့တဲ့ ကဗျာတပုဒ်
ရူးသွပ်သွားတဲ့ ကဗျာဆရာ
စိတ်ဒဏ်ရာတွေက ဗရပွ
ကဗျာက နိုင်တယ်
ငါက ရှုံးတယ်
ငါ
ကဗျာဆက်ရေးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar