Breaking News

မောင်မှိုင်းလွင်(အင်းဝ) - နေရဲ သေရဲ

နေရဲ သေရဲ
မောင်မှိုင်းလွင်(အင်းဝ)
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၂

လှောင်အိမ်က သံတိုင်
ဒို့တွေက သံမဏိ။

ထားရဲသလား နေရဲတယ်
သတ်ရဲသလား သေရဲတယ်။

သေရွာသွားတာကို
အိမ်ပြန်တဲ့သဘော ထင်တဲ့သူတွေ။

အာဇာနည်ဆိုတာ 
 ထာဝရအသက်ရှင်ကြောင်း
သမိုင်းနဲ့ချီ ကမ္ဗည်းတင်ပြီးသား။        ။

၂ ၈ . ၁ ၀ . ၂ ၀ ၂ ၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar