Breaking News

ဝါကျဖြူ - လက်ရမ်းပြုတ်နေသောလူသားများ

လက်ရမ်းပြုတ်နေသောလူသားများ
ဝါကျဖြူ
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၂

နားရွက်ပြတ်ထဲကနေအတောင့်လိုက်ထိုးကျနေတဲ့ပူဆွေး
မှုထဲကိုဆောင်းဟာတစ်ရွက်ခြင်းကြွေကျနေကြပါတယ်။
ငါတို့ဟာမိုးကုတ်စက်ဝိုင်းရဲ့ဆာလောင်မှုကိုမျက်ခွံလေး
ဖွင့်လှပ်လိုက်တဲ့နှင်းရေစက်တွေနဲ့အတူ ။
စာရွက်ဖြူတရွက်ရဲ့ငိုညည်းသံတွေကလူသားတွေရဲ့
အရုဏ်ဦးခူးဆွတ်လိုက်မိတဲ့သင်္ဘောတစင်းရဲ့ဥဩဆွဲလိုက်သံပါပဲ ။
24/12/22
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar