Breaking News

မိုးခါး - ရှုခင်း

ရှုခင်း
မိုးခါး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၂

တိမ်တွေလွင့်နေသလို မီးခိုးတွေလွင့်လာတော့
မျက်ရည်နဲ့ခင်းထားတဲ့ ပန်းတွေ မာ မာ ထန်လာပြီ
အချိန်က နှင်းအစားမိုးကိုခေါ်လာပေးတော့
မလှပတော့တဲ့စပါးခင်းလည်း ဝမ်းနည်းစရာ ထပ်လောင်းလို့
ဒါနဲ့ ပြီးသွားမလား
ဖော်ပြစရာမလိုတော့ဘူး နေခြည်
လေတိုးသံတောင် ဂီတအဖြစ်နားဆင်ခွင့်မပေးတဲ့အခါ
မြည့်နေအောင်သွေးထားတဲ့မေးခွန်းတွေသာထွန်းကား
ငေးနေလည်း ဒီမြင်ကွင်းပဲ
တွေးနေလည်း ဒီမြင်ကွင်းပဲ
ရာသီက အနာဟောင်းကိုဆွေးမြည့်စေတယ်
နှလုံးသားက အမုန်းကိုခိုလုံခွင့်ပေးစေတယ်
သစ်ခက်သစ်ရွက်တွေလှုပ်ခတ်နေလည်း
နူးညံ့စေတဲ့စိတ်က မလွတ်မြောက်ဘူး၊၊          ၊၊
                                                            
29.11.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar