Breaking News

သစ်ကောင်းအိမ် - ဆောင်း၅၀

Art by Than Htay Maugn
ဆောင်း၅၀
သစ်ကောင်းအိမ်
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၃

အိမ်အပြင်မှာ
ဇိမ်ခံချင်စရာ
နှင်းမုန်တိုင်းနဲ့
မီလင်းဖိုဘေးမှာ
ခွေးတောင်ဒီပရက်ရှင်နဲ့
အိမ်ဦးခန်းမှာ
ဘုရားတောင်အကြောက်တရားနဲ့
ဘယ်လောက်အေးချမ်းလိုက်သလဲဆို
ကိုယ်တကယ်မပျော်ရင်
ပျော်သူတွေကိုလည်း
သံသယမဝင်တော့ဘူး 

 ၁ ဇန်နဝါရီ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar