Breaking News

အောင်အောင် (တာမွေ) - ဆော်လမွန်ငါးတို့အပြန်



ဆော်လမွန်ငါးတို့အပြန်
အောင်အောင် (တာမွေ)
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၃

ခင်ဝမ်းရဲ့ဆော်လမွန်ငါးတွေ....
ခုတော့ပြန်လာကြပြီ....

ညာသံတွေပေး....
အတားအဆီးတွေဖြတ်ကျော်ရင်းပေါ့....

နှလုံးအိမ်၌ပွက်ပွက်ဆူတဲ့သွေး....
ဘယ်ကောင်သေရဲလဲလို့ပြန်မေးမယ်....
ရေဆန် လှန်တက်လာတဲ့ဆော်လမွန်တွေ...
မွေးရပ်မြေကိုချစ်တာဆန်းသလား....

ပေဖြစ်တော့ခံ တူဖြစ်တော့နှံတဲ့....
ငါတို့စိတ်ကိုငါတို့....
ဓားတစ်လက်လိုသွေးခဲ့ကြ....

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့....
သံသရာပါလည်းမတတ်နိုင်....
ဆော်လမွန်ငါးတို့လာကြပြီ....
          
၂၁.၁၀.၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar