အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၂ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၂ )
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၂
3/1/23
Diary in the darkness
နှစ်သစ်ကူးပြီ။
၂၀၀၂၃ ရောက်ပြီတဲ့။
ပြီးခဲ့တဲ့နှစ်က အာဏာရှင် စကစ တွေက ပြောခဲ့တယ်။ NUG အစိုးရဆိုတာ လေထဲက အစိုးရတဲ့။ ခုတော့ NUG အစိုးရဟာ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ သံတမန် ဆက်သွယ်ရေးရုံးခန်းတွေ ဖွင့်နိုင်ခဲ့ပါပြီ။
တူမီးသေနတ်နဲ့ စတင်တော်လှန်ခဲ့တဲ့ ဒေသခံပြောက်ကျားတွေ ကလည်း မြေပြင်ကို စိုးမိုးထားနိုင်ခဲ့လို့ စစ်အာဏာရှင် စကစ တပ်တွေဟာ လေကြောင်းကိုသာအားကိုးစစ်ဆင်နေရတယ်။
အဏာရှင်တပ်တွေဟာ လူသတ်၊ ဓားပြတိုက်၊ ကျေးရွာတွေ မီးရှို့ တာကလွဲပြီး ဘာမှမလုပ်တတ်တော့ဘူး။ လူထုကို အကြောက်တရားလွမ်းအောင်လုပ်နေသူတွေဟာ ခုတော့ သူတို့ ကြောက်ဒူးတုန်နေကြပြီ။ အတွေးအခေါ်အမှားတွေ၊ စေတနာအမှားတွေ၊ လုပ်ရပ်အမှားတွေ၊ လမ်းစဉ်အမှားတွေ မှားပြီးရင်း မှားနေကြပြီ။ သူတို့နောက်ကို လိုက်နေတဲ့ အချောင်သမားတွေတောင် သူတို့ကို စွန့်ခွာနေကြပြီ။ စိတ်ဓာတ်တွေ ကျဆင်းပြီး ဖရိုဖရဲဖြစ်နေတဲ့ စကစ တပ်ဟာ စစ်ပန်းနေတာကို ဖုံးကွယ်ဖို့အတွက် တဖက်သတ် အပစ်ရပ်ရေးကို ကြေညာရတဲ့အထိ ဖြစ်နေပါတယ်။
မနေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲပြီး ထောင်ဒဏ်စုစုပေါင်း ၁၉ နှစ် အပြီးသတ် ချခဲ့ပါတယ်။ လူထုခေါင်းဆောင်ကို မကြာမီ ပြန်လွှတ်ပေးတော့ မယောင်ယောင် အဏာရှင်လော်ဘီတွေက သတင်းလွှင့်ပြီး တော်လှန်ရေးကို အရှိန်လျော့အောင်လုပ်နေကြတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
အမေရိကန် လွှတ်တော်က ဘာမားအက်ကိုပြဋ္ဌာန်းကာ သမ္မတဂျိုးဘိုင်ဒန်က NDAA ကိုလက်မှတ်ထိုးပြီးနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးဘက်က အဘက်ဘက်မှာ သိသိသာသာအလေးသာခဲ့ပါတယ်။
ဒါတွေက ကျွန်တော်ရဲ့ လတ်တလောအမြင်တွေပါ။ မြန်မာ့နိုင်ငံရေးဇာတ်ခုံကို ပွဲကြည့်စင်ဘက်က မြင်ရတဲ့ အမြင်ပါ။ ကန့်လန့်ကာ နောက်ကွယ်မှာ ဘာတွေဖြစ်နေတယ်၊ ဇာတ်ခုံနောက်မှာ ဘာတွေ လုပ်နေကြတည်ဆိုတာ ကိုတော့ ကျွန်တော်မသိနိုင်ပါ။
ကျွန်တော် ကိုယ်တိုင် တိတိကျကျသိရတာက ရပ်ကွက်ရာအိမ်မှူးက လာသတိပေးတာပါပဲ။ သူပြောတာက မကြာခင် ဧည့်စာရင်းစစ်မယ်။ မဲထည့်ရင် လွယ်ကူအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ စမတ်ကဒ်တွေလုပ်မယ်။ စမတ်ကဒ် လုပ်ဖို့ လိုအပ်တဲ့ လူတဦးချင်းစီရဲ့ အချက်အလက်တွေကို တိတိကျကျကောက်မယ်၊ တအိမ်တက် တအိမ်ဆင်းကောက်မယ်၊ ဘယ်အိမ်မှာ ဘယ်သူတွေနေသလဲ။ ဘယ်သူတွေ နိုင်ငံခြားကို သွားသလဲ။ ဘာသွားလုပ်သလဲ၊ စတဲ့အချက်တွေ ကောက်မယ်။ ဒီလုပ်ငန်းကို ကြံ့ခိုင်ဖွံဖြိုးရေးက ဦးဆောင်မယ်။ CDM မလုပ်တဲ့ ကျောင်းဆရာမတွေနဲ့ ရပ်ကွက်ဆယ်အိမ်မှူး ရာအိမ်မှူးတွေက အကောင်အထည်ဖော်ရမယ်။ တနေ့က အစည်းအဝေးမှာ ခေါ်ပြောတာတဲ့။ ပြောတဲ့သူက သူ ဘယ်သူဆိုတာ ပြောဖို့ ငြင်းဆန်တယ်။ ရပ်ကွက်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက သူဘယ်သူ ဆိုတာမပြောရင် ဘာမှ လုပ်မပေးဘူးလို့ ဝိုင်းပြောမှ သူ့ကိုယ်သူ အုပ်ချုပ်ရေးမှူး အသစ်ပါလို့ ဝန်ခံသွားတယ်တဲ့။ ဒုက္ခ ဒုက္ခ။
ဆရာမတွေနဲ့ ရပ်ကွက် ဆယ်အိမ်မှူးတွေ က လူစာရင်းကောက်တဲ့ အခါ လုံခြုံရေးပေးမှာလားလို့မေးတော့ ဘာမှမပြောဘူးတဲ့။
ဒီတိုင်းပြည်မှာ အုပ်ချုပ်ခံပြည်သူတွေရော အုပ်ချုပ်သူတွေရောမလုံမခြုံဖြစ်နေတယ်။ မလုံခြုံဆုံး တိုင်းပြည်အဖြစ် ကမ္ဘာ့ ဂရင်နစ်စံချိန်ဝင်မယ်ထင်တယ်။ ဒီစာဖတ်တဲ့ ခင်ဗျားရော လုံခြုံရဲ့လား။ စာရေးတဲ့ ကျွန်တော်ကတော့ စာရေးရင်း နောက်ပြန်လှည့် လှည့်ကြည့်နေရတယ်။ စာရိုက်တာ မှားရင်သီးခံဗျာ။ ကွန်ပျူတာလက်ကွက်က ကြောင်နေတယ်။
ဟော. . .
တံခါးခေါက်သံ ကြားတယ်။ ကွန်ပျူတာ ပိတ်လိုက်တော့မယ်။ မီးမပျက်သေးတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။
အန်ကယ် - တူမီး
~~~~~~~~~~~~~
3/1/22
Last year, the dictator said. The NUG government is the air government.. Now, the NUG government has been able to open diplomatic communications offices in many countries, including the United States and European Union countries.
The local guerrillas, who started the revolution with hand made guns, were able to control the ground, so the military dictator's troops were relying only on the air.
The dictatorial forces are murderers and also robbers. So they don't know how to do anything except to burn villages. Those who are making the public feel fear are now trembling in fear. Thought mistakes, Willful mistakes, Action mistakes, They are making mistakes after making mistakes. Even the opportunists who were following them are leaving . The demoralized and disorganized army had declared to stop fighting to cover up his loss of war.
Two days ago, public leader Daw Aung San Suu Kyi was charged with 19 cases and sentenced to a total of 39 years in prison. Political analysts are predicting that the public leader will soon be released, and army's lobbyists are spreading the fake news and slowing down the revolution. After the US Congress passed The Burma Act and President Joe Biden signed the NDAA, the Spring Revolution was a significant success. These are my recent views. This is the view of Myanmar's political stage from the side of the onlooker. What's going on behind the curtain? I don't know what they are doing behind the scenes.
What I know for sure is that the head of the ward came to warn me. He said that he would soon check and conduct a guest list. They will make smart cards for easy voting and accurately collect the information each person needs to make .They will check up from house to house. They collect points about Who lives in which house? Who goes abroad? What do you do? This work will be led by the USDP party. The school teachers who do not do CDM and the heads of the ward must implement it. They called in a meeting the other day. The person who spoke refused to say who he was. He admitted that he was the new administrator after the heads in the ward said that they would not do anything unless they told him who he was. The teachers and ward heads asked if they would provide security when the census was taken, but they said nothing.
In this country, both the governed and the people are insecure. I think it is the most unsafe country in the world. Are you safe reading this? As I write, I have to look back and forth while writing. Sorry if I typed wrong. My computer keyboard has a bit of an error.
wow …..
I heard a knock on the door. I'm going to turn off the computer.
Thank God, the electricity is not cut out.
Uncle Tu-Mee
3/1/23
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar