Breaking News

ကျော်မင်းထွန်း(NEW YORK) - အဆုံးအဖြတ်

အဆုံးအဖြတ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃

နှင်းတွေ.. နှင်းတွေ.. နှင်းတွေ…
မှုန်မှုန်မွှားမွှားနှင်းတွေလို
ကိုယ့်ကိုကိုယ်မှုန်မွှားပစ်ရကောင်းမလား ?

နှင်းခဲတွေပေါ်မောင်းရင်း
ပေါက်သွားတဲ့ ကားဘီးကို
တာယာဆိုင်အရင်ပို့ရကောင်းမလား ?

နှင်းခဲအရှည်တစ်ချောင်းကို သေနတ်လိုကိုင်ပြီး
ဘယ်သူ့ကို ပစ်ချရရင်ကောင်းမလဲ ?

တွေတွေဝေဝေအတွေးထဲ
မရေမရာတွေများလာတော့
နှင်းဘေးမှာပဲ ကွေးအိပ်ကြတာပေါ့။

ဇန်နဝါရီ ၂၀၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar