မောင်လင်းရိပ် - တောင်တန်းအေးအေးပင်လယ်ဝေးဝေး
တောင်တန်းအေးအေးပင်လယ်ဝေးဝေး
မောင်လင်းရိပ်
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃
အမှောင်ထဲမှာ အရောင်တချို့ ရှိနေဆဲပ
နေရောင် လရောင်နဲ့ ကြယ်ရောင်တွေ ကွင်းသွာလည်း အမှောင်ဟာ တလက်လက်
အမှောင်ထဲမှာ အသံတွေကလည်း တစ်နည်းတစ်ဖုံ လင်းသလား
အမှောင်ကို တကယ် ဖြင်ဖူးတဲ့ ပင်လယ်ဘေးက လကွယ်ည။
*
လပြည့်ညကို အိပ်လိုက်ရမှာ နှမျောခဲ့ဖူးသာ မဆန်း
လမိုက် ပင်လယ်ညမှာ တူတူတန်တန် နှမျောစရာ ဘာရှိမလဲ
အသက်ရှုခြင်းနဲ့ နှလုံးအခုန်ဟာ ခန္ဓာအိမ်ထဲ ဟိန်းသံထွက်လို့
အပြင်က ပင်လယ်ကို မမြင်ရတော့ အတွင်းက ပင်လယ်ဆီ လှည့်ရမယ်။
၂၀၂၃၊ ဖေ ၁၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar