Breaking News

ဝင်းမြင့်- မြိုသိပ်ခြင်း

မြိုသိပ်ခြင်း
ဝင်းမြင့်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃

အိပ်မက်တွေ ဥဒဟို သွားလာနေပေမယ့်
လမ်းပေါ်မှာ လူက မရှိ ။
ကြွယ်ပိုးဝပြောသော
ကောင်းကင်အဖြောင့်ကြီး အတိုင်း
ကြယ်အတုတွေ ပေါရဲ့ ။
မြူနှင်းတွေလောက်သာ
တမြို့လုံးကို ဖွဲ့ဆိုနေတော့တာ 
ရေ  ကျ သံ လို ပဲ ။
နည်းနည်းချင်း
အစက် အပြောက်လေးက အစ
အတောင်ပေါက်လာသည်  ။
သစ်ရွက်များ ကြွေချိန်အထိ
စက်ကို အသံကုန်
မောင်းတင်နေမိတယ် ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar