မနအ - တရေးမနိုးမီ
မနအ
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
မိုးတိမ်တွေကို သူ ထမ်းပိုးလို့
ညှိုးနွမ်းခြောက်သွေ့ရာ အရပ်ဆီ သူလာခဲ့တယ် ။
ပျိုးကြဲသူတွေက လည်တမော့မော့ဖြစ်နေရှာတဲ့
ပင်ပန်းအားဖျော့ရာ အရပ်ဆီ
အသော့ကလေး သူ လာခဲ့တယ် ။
ပူအိုက်လောင်မြိုက်မှုကို လက်စတုံးမလို့တဲ့
သူ့ပခုံးတွေ ညွတ်ကျလုခမန်း
မိုးတိမ်တွေကို ထမ်းပိုးလို့
တောရိပ်တောင်ရိပ် အမှောင်လမ်းချိုးကလေးမှာ
တရေးမနိုးမချင်းတော့
လေးလံခြင်းမဲ့
သွေးသံ အစွန်းအထင်းတွေနဲ့ သူ လာနေတယ် ။ ။
၂၆ ဖေဖော်ဝါရီ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar