မင်းဟန်ထွန်း (တေးသီငှက်) - မြို့ဇာတ်လမ်း ( ၆၃)
မြို့ဇာတ်လမ်း ( ၆၃)
မင်းဟန်ထွန်း (တေးသီငှက်)
(မိုးမခ) မတ် ၄၊ ၂၀၂၃
အိန္ဒိယဇာတ်ကားတွေ အကြည့်များသွားလို့လားတော့
မသိဘူး
ကလိုက် ခုန်လိုက်
သီချင်းဆိုလိုက် နဲ့ နာကျင်နေရတယ် ။
ကိုယ်တွင်းပိုင်း တုံ့ပြန်မှုမှ တဆင့်
ရုန်းရင်းဆန်ခပ်ထွက်လာတဲ့ မျက်ရည်တွေက
ချောင်းလိုလို
မြစ်လိုလိုထဲ တိုးဝင် နေကြပုံ
မနက်ဖြန်တဲ့လား
အရင်နေရာ တခုခုဟာ
တစ်ဆံချည်မျှတောင်မလှုပ်
ငုတ်တုတ်
ဒီတိုင်းရပ်လျက်
တစစီကျိုးပဲ့နေတဲ့ မြိူ့ပျက်ရဲ့ မျက်နှာစာ
အမှိုက်ပုံတွေကြားမှာ
ပျောက်ဆုံးနေတဲ့မေတ္တာတရားကို
တုတ်တစ်ချောင်းနဲ့
ထိုးကလော် ရှာဖွေနေတဲ့ ကလေးတွေ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
