ဝါကျဖြူ - တိမ်စုန်းများ
ဝါကျဖြူ
(မိုးမခ) မတ် ၂၊ ၂၀၂၃
သတိရပါတယ်ဆိုမှ
ပါးစပ်ပေါက်တွေကလည်းကန်တာရပင်လယ်တွေကိုဂျမ်းတုံးခုလို့
နေရောင်ဟာမြင်းကိုပြောင်းပြန်စီးလို့
နွေဦးဟာမီးရထားတစ်စင်းထဲမှာပူဆွေးမှုတွေကိုသိမ်းကြုံးထည့်သိုလို့
ဟောဒီမှာအအေးပတ်နေတဲ့စိတ်တဇဆေးရုံညမှာခေါင်းမိုးတွေတစ်ခုလုံးမှိုတွေစွဲလို့
အမှန်တရားဟာပျက်စီးနေတဲ့ဓာတ်လှေကားထဲမှာကယ်သူမဲ့ပိတ်မိလို့ ။
26/2/2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar