ဝဇီရာဒီဖိုး - မတ်လ
ဝဇီရာဒီဖိုး
(မိုးမခ) မတ် ၃၊ ၂၀၂၃
တော်လှန်ရေးရဲ့ သင်ကေတ
မတ်လ။
နယ်ချဲ့ကို တော်လှန်တဲ့
မတ်လ။
အာဏာရူးကို တော်လှန်တဲ့
မတ်လ။
သူတို့ အမည်ပြောင်းခဲ့တဲ့
တော်လှန်ရေးနေ့
မတ်လမှာ ရှိတယ်။
တောင်သူလယ်သမားနေ့ အတုနဲ့
နေဝင်းအာဏာသိမ်းတဲ့နေ့
မတ်လမှာ ရှိတယ်။
မတ်လ
ဆက်ချရမယ့် နွေဦး။ ။
12:06, 2-3-2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar