Breaking News

အောင်ကောင်းမြစ် - လူများ ခွေးများ လူခွေးများ

လူများ ခွေးများ လူခွေးများ
အောင်ကောင်းမြစ်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၃

နေ့စဥ်ရက်ဆက်ဆိုသလို
ခွေးတွေ ဟောင်တဲ့ကားရယ်
လူခွေးတွေ အမြီးနှံ့တဲ့ကားရယ်
'နှစ်ကားပေါင်းတစ်ည' ဆိုတော့
ဓာတ်ရှင်ကြိုက်တဲ့လူတွေပဲလေ
ဘယ်လွတ်လိမ့်မလဲ
ကြာလာတော့ လက်ဝဲသုန္ဒရအမတ်လိုလို
စီးထွေထွေ အိပ်ရေးပျက်လာကြတယ်
ကြာလာတော့ အော့ဇဝစ်အကျဥ်းသားလိုလို
မျက်တွင်းဟောက်ပက် ပိန်လှီလာကြတယ်
ကြာလာတော့ အာလူးစားသူများလိုလို
အိပ်မက်ဘုံတွေ ပျောက်ဆုံးကုန်ကြတယ်
ကြာလာတော့ ဘယ်အရပ်ဆီက
နံနက်ခင်းရဲ့ခြေသံတွေ ကြားရလေမလဲ
နောက်ဆုံးသစ်ရွက်လို
အိပ်ချင်မူးတူး နားစွင့်နေရတယ်။

30.3.2023
Thus: 10:37 am
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar