ဝါကျဖြူ - တိမ်တွေရဲ့ခံတွင်းချဥ်မှု
ဝါကျဖြူ
(မိုးမခ) ဧပြီ ၉၊ ၂၀၂၃
နယ်မြေမလုံခြုံမှုထဲကတိမ်တွေ ။
မျက်ရည်ကိုခင်းထားတဲ့လမ်းမတွေပေါ်မှာ
လှေလေးတွေနှစ်ထပ်ဆင့်တင်လို့ ။
နေရောင်ဟာဝေလီဝေလင်းထဲက
ဆံနွယ်တွေထဲပျောက်ဆုံးကုန်လို့ပေါ့ ။
ငါတို့တွေမလုံခြုံမှုတွေထဲမှာ
အပျင်းပြေသမ်းဝေခြင်းကိုထွေခင်းနေခဲ့ရ ။
8/4/23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar