Breaking News

ကိုအောင်မှိုင်း - ကြင်စဦး နွေ

ကိုအောင်မှိုင်း - ကြင်စဦး နွေ

(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၃


အပျော်တွေကို

ရထားပေါ် တင်ပေးလိုက်တော့

ဘူတာတွေမှာ ကြေးစည်ထုကြတယ်။

ညဥ့်ငှက်တကောင်ကို

ရထားပေါ် တင်ပေးလိုက်တော့

မိုးမိထားတဲ့ အတိတ်ဖြစ်သွားတယ်။

အိပ်မက်တွေကို

ရထားပေါ်တင်ပေးလိုက်တော့

ဧရာဝတီက သက်ပြင်းချတယ်။

အချစ်တွေကို

ရထားပေါ်တင်ပေးလိုက်တော့

စစ်ကိုင်းတံတားကြီးက ငိုတယ်။

ငါ

ကောင်းကင်မော့ကြည့်လိုက်တော့

ပြက္ခဒိန်တွေ ဇောက်ထိုးဖြစ်ကုန်တယ်။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar