Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်သားမှာ ဒါနအစစ် ဖြစ်လို့မရ ထွက်ခဲ့ကြ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်သားမှာ ဒါနအစစ် ဖြစ်လို့မရ ထွက်ခဲ့ကြ

(မိုးမခ) ဧပြီ ၂၂ ၊ ၂၀၂၃


သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ မင်္ဂလာ။

စစ်ဗိုလ် စစ်သားကတော့ ဘယ်နှစ်တန်မှ မဖြူ မစင် မလန်းနိုင်ဘူးလေ။ တိုက်ရာပါပစ္စည်း၊ ခိုးရာပါငွေ၊ ညစ်ရာပါစည်းစိမ် သူတပါးကို လိမ်ညစ်ထား၊ သတ်ဖြတ်လုယက်ထားတဲ့ဟာတွေနဲ့ သူတပါးကို ကူညီတာ ပေးကမ်းတာ လှူဒါန်းတာ ဘယ်နဲ့လုပ် ဒါနမင်္ဂလာဖြစ်မလဲ။ 

ဒါနက သူများကို ကူညီတာဆိုပေမယ့် သူ့ရဲ့ တဖက်ရည်ရွယ်ချက်က မတရားလောဘ လျှော့ချဖို့လေ။ မအလလိုကောင် ကြည့်။ ဒီလောက် မဟားတရား လောဘတက်နေတာ ဘယ်လိုလုပ် ဒါနဖြစ်မလဲ။ တပ်မတော်ကြည့်မလား၊ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး၊ နယ်လုံဝန်ကြီးနဲ့ လွှတ်တော်တိုင်း ၂၅ ရာခိုင်နှုန်း အသားလွတ်ရ၊ တပ်ဘတ်ဂျက် တောင်းသလောက်ချပေး၊ စာရင်းစစ်မရှိ၊ ခိုးချင်သလို ခိုးလို့ရနေတာကို မတင်းတိမ်နိုင်ဘဲ တပ်တခုလုံးပျက်၊ တပ်မိသားစုတွေပါ သေ၊ ပြည်သူတွေလဲ ဒုက္ခပင်လယ်ဝေ၊ တတိုင်းပြည်လုံး ချေပြီး အာဏာတက်လုတာ။ အကြောင်းပြတာက မဲစာရင်းမှားလို့တဲ့။ မဲစာရင်းက သူ့စောက်ကြောင်းလဲ မဟုတ်။ အာဏာသိမ်းပြီးတော့ လူလှည့်သတ်နေတာက မဲစာရင်းကိစ္စနဲ့လဲ ဘာမှမဆိုင်။ 

ဒါနရဲ့ နောက်ရည်ရွယ်ချက်တခုက ဖင်ခေါင်းကျယ်စိတ်ကို ဖိနှိပ်ဖို့၊ ဒါလဲ တပ်မှာ ဘယ်လိုဖြစ်မလဲ။ တပ်ရဲ့ ဖင်ခေါင်းကျယ်စိတ်ကို ကြည့်။ မဆီမဆိုင် နိုင်ငံရေး ရာထူးမှန်သမျှ တပ်ကပဲ ယူရမယ်ထင်တာ။ တိုင်းပြည်အုပ်ချုပ်တာ တပ်အလုပ် ထင်တာ။ ဗိုလ်သင်တန်းက ဆင်းရင် ဘာမဆို အကုန်တတ်တယ် ထင်တာ။ တိုင်းပြည်ရဲ့ ငွေဝင်တဲ့လုပ်ငန်းမှန်သမျှ တပ်ပိုင် လုပ်ချင်တာ။ လုပ်ပိုင်ခွင့်မှန်သမျှ စစ်ဗိုလ်ဘဲ ရရမယ် ထင်နေတာ။ နောက်ဆုံး လူ့အသက်တွေကိုတောင် သတ်ချင်သလို သတ်လို့ရတယ် ထင်နေတာ။ အဲလိုလူတွေမှာ ဘယ်လိုလုပ် ဒါနကုသိုလ်စစ်စစ် ဖြစ်မလဲ။ ပေးကမ်းကူညီတာက မနာလိုတာကိုလဲ လျှော့ဖို့။ ဒေါ်စုအပေါ် တပ်မတော်တခုလုံးရဲ့ မနာလိုစိတ် ဂျေစိတ်ကိုသာ တိုင်းတာကြည့်လိုက်၊ ဒီဂရီတောင် တိုင်းလို့ရမယ် မထင်။ အဲသလောက်တောင် မနာလိုစိတ်ကြီးနေသူတွေရဲ့ ဒါနမှာ ဘာစေတနာများ ဖြူနိုင် စင်နိုင် လန်းနိုင်မှာလဲ။

ဒါနမင်္ဂလာဖြစ်ဖို့ ဆိုရင်ကို တပ်က ကို ထွက်ခဲ့မှ။ တပ်ဟာ ကုသိုလ်ပညာဥစ္စာရဖို့ သင့်ရာဒေသကို မဟုတ်တော့တာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar