ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၃
သိုးတွေရဲ့လည်မြိုကိုနင်းထားတိုင်း
သင့်ကိုယ်သင်ခြင်္သေ့လို့
ထင်မနေနဲ့
ကြည့်လိုက် ...
လေထဲလွှင့်ထားတာ
ဘယ်သူ့အလံတွေလဲ
တောအော်သံညံနေတဲ့မြေမှာ
အကုန်တောဘုရင်တွေချည်းပဲ
ရွာတစ်ခုလုံးသာ
ပေပေညစ်ညစ်အဝတ်စုတ်တွေနဲ့
အမှောင်ထဲမှာ ....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
