Breaking News

ဝဇီရာဒီဖိုး _ မီးကျည်ခဲနဲ့ပက်တဲ့ သင်္ကြန်

မီးကျည်ခဲနဲ့ပက်တဲ့ သင်္ကြန်
ဝဇီရာဒီဖိုး
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၃

ရွာတွေ မီးလောင်ပါများတော့
ပိတောက်တွေ အနီအရောင်ဖြစ်သွား။

အလောင်းကောက်လို့ မပြီးနိုင်သေးတဲ့ သင်္ကြန်
အတာရေ စစ်ရဲ့လား။

ဘာတွေ ဆေးမှာလဲ
ဘာတွေ အေးမှာလဲ။

သကြားမင်းရဲ့ ခွေးသရေပြား
ဘာတွေရေးဖို့ ထားလဲ။

ငါတို့ အိမ်ခေါင်မိုးပေါ်မှာ
မိစ္ဆာတို့ရဲ့ မီးလျှံတွေ။    ။
  
 17:16, 14-4-2023
_
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar