မောင်မောင်ငြိမ်းအေး - ဆာလောင်မှု
ဆာလောင်မှု
မောင်မောင်ငြိမ်းအေး
(မိုးမခ) မေ ၆၊ ၂၀၂၃
လက်ဖက်ရည်ခွက်ကိုမွှေလိုက်တော့
အပူရှိန်ကမျက်နှာကိုလာနမ်းတယ်
လမ်းတွေကိုကြည့်လိုက်ရင်
ပန်းတွေပွင့်တာမတွေ့ရပြန်ဘူး
စိတ်ကသစ်ရွက်ကြွေတွေနောက်မလိုက်တော့ဘဲ
ညမှထွက်မယ့်လမင်းကိုချူနေမိ
ဒီနွေဦးကတော့လှပမှာပါ
ငါတို့အားလုံးကြိုးတန်းလမ်းလျှောက်ကြရင်ပေါ့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar