Breaking News

မင်းငြိမ်းအေး - မေလရဲ့တစ်ဝက်

မေလရဲ့တစ်ဝက်
မင်းငြိမ်းအေး
(မိုးမခ) ဇွန် ၆၊ ၂၀၂၃

မေလရဲ့ရက်တစ်ဝက်
မညိုးနိုင်အောင်
ငါသွေးနဲ့တောင့်ခံထားမိ။

တော်လှန်ရေးနဲ့
အချစ်နဲ့တွေ့တော့
တော်လှန်အချစ်ပေါ့။

ခုချိန်
ငါ့မြက်ပင်လေး
တရေးနိုးတဲ့အချိန်
အသံတွေတိတ်ပေးပါ။

ဘယ်တော့မှ
ဖူးပွင့်မပြနိုင်တော့တဲ့
ကံ့ကော်ပင်ကြီးက
နွေဦးတဲ့။

တကိုင်းထဲမှာ
တပွင့်ချင်းခြားနေတဲ့
ဒီနွေဦး။

လာမယ့်လမ်းမှာ
ကိုယ့်ဒုက္ခကို
မမြင်ပါစေနဲ့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar