စိုးရိမ် - နောက်ဆုံးစက္ကန့်
စိုးရိမ်
( မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၃
အခုပဲဖုန်လူးသွားတဲ့မျက်လုံးက
နိုင်ငံတော်ရဲ့အနာဂတ်ကိုမျှော်ကြည့်နေတယ်
အခုပဲပွင့်ထွက်လာတဲ့ဦးနှောက်က
ပန်းတိုင်ရဲ့အကွာအဝေးကိုတွက်ချက်နေတယ်
'မေမေရေ...'လို့ မခေါ်နိုင်တဲ့အခြေအနေအထိ
နိုင်ငံတော်ကိုကယ်တင်နေတယ်။
(အာဇာနည်တွေကို လေးစားဦးညွှတ်လျက်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar