Breaking News

ရဲဘော်တေး - ကိုယ့်အမြီးကို ဖြတ်လိုက်တဲ့တပ်


ရဲဘော်တေး - ကိုယ့်အမြီးကို ဖြတ်လိုက်တဲ့တပ်

(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃


တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုတာ စစ်သားတွေအတွက် ဖြစ်သွားပြီ။ မအလ ရိုက်ချက်တွေလေ။

ခုခါ စစ်သားတယောက် တွေ့ရင် ပွေ့မယ့်ကောင်ချည်းဘဲ၊ ဓားနဲ့။ သေနတ်သမားကတော့ မပြောနဲ့။ လူလှည့်သတ် ရွာပတ် မီးရှို့နေတဲ့ ကောင်တွေကိုတော့ မြင်တာနဲ့ ပစ်ကြမှာ ကျိန်းသေ။ ဒါက ဒီဒွန္နယာမှာ စစ်သားမကုန်မချင်း ဖြစ်နေတော့မှာ။ အင်း တရက် ဆယ်ယောက်ထား၊ ဆယ်ရက် တရာ။ ရက်တရာ တထောင်။ ရက်တထောင် တသောင်း။ ရက်တသောင်း တသိန်း။ ရက်တသိန်းဆို သူတို့မိသားစုပါ ကုန်ရောပေါ့။ ရှိသမျှ စစ်ဘုရင်တွေပါ ကုန်လောက်ပြီ။ ဒါက ပုံမှန်တွက်လို့။ အမှန်က စစ်သားလျော့လေ သေနှုန်းတိုးလေဖြစ်မှာ။ ဗမာပြည်မှာက စစ်သားသတ်တဲ့အလုပ်ပဲ လုပ်စရာရှိတော့တာလေ။ စစ်တပ်က တခြားလုပ်စရာမှန်သမျှ အကုန်ဖျက်ထားတာကိုး။ နှစ် ၇၀ လောက် ထိုင်ဖျက်လာတော့ ကုန်ပြီ။ ကုန်ဆို ကရုဏာနဲ့ မေတ္တာတောင် မကျန်တော့တာ။ အဲဒါကြောင့် ဒီခေတ် ဒီကမ္ဘာ ဘယ်ပြေးမှာလဲ ခွေးပု။ နင့်မျက်နှာကြီး ဆာဂျရီလုပ်ပြီး ပြေးလဲ လွတ်ရေးမရှိ။ မင်းမြေးတွေပါ မရှိတာနော်။ ပဇီကြီး မမေ့နဲ့။ အများကြီးပါ မမေ့စရာတွေ။ အစိတ်သားတောင် မချန်ခဲ့တဲ့ကောင်တွေပဲ။ 

ဒီတခါ တော်လှန်ရေးက ဒီတိုင်းပြည်မှာ စစ်သား မထားချင်တော့တဲ့ တော်လှန်ရေး။ ဆွေးနွေးဖို့တွေ စဉ်းစားမနေနဲ့။ ပြေးလို့လည်း မရ။ တပ်က ထွက်မလား။ ဘက်ပြောင်းမလား။ ဆက်မိုက်မလား။ ပြည်သူဘက်က အမှားမရှိ။ သူ့ငွေနဲ့ ထောင်ထားတဲ့တပ်က သူ့သတ်တာမို့ အဲဒီတပ်ကို ဖျက်ပစ်တာ။ ရှင်းရှင်းလေး။ အကြောင်းပြစရာကို မလိုတာ။ ဖက်ဒရယ်အာမီ လာတော့မှာ။

ခု မအလက နောက်ခြောက်လတဲ့။ ဘယ်လောက် သေပေးရအုံးမှာလဲ။ ဘာအတွက် ဆက်သေပေးနေကြရမှာလဲ။ စစ်တပ်ကို ထွက်ပေါက်ပျောက်အောင် လုပ်နေတာ။ စစ်တပ်ထွက်ပေါက် ပျောက်နေမှ သူ ရှင်ရတော့မှာကိုး။ ဒါလည်း ရက်ပိုင်းပါပဲ။ သူ့သက်တမ်းကို သူ့ဘာသာသတ်မှတ်ပြီးပါပြီ။ သူများ မိသားစုတွေ သတ်ထားတာဆိုတော့ သူ့မိသားစုလဲ သေရမှာပေါ့။ ဒါ ဓမ္မဘဲ၊ သဘောပဲလေ။

နေရာတိုင်းမှာ စစ်ဖြစ်နေတယ်။ အချိန်တိုင်းမှာ စစ်ဖြစ်နေတယ်။ စစ်တပ်တိုင်း တိုက်ခိုက် သိမ်းပိုက်ရမယ့်ဟာပဲ။ စစ်တပ်က တိုင်းပြည်ကို ကိုယ်ပိုင်သလိုလို ဆက်ရောင်းနေလို့ မရတော့ဘူး။ ဘယ်မြို့ မင်းကို ပေးမယ်၊ ဘယ်နယ်က ငါ့ဟာတွေ လာလုပ်မနေနဲ့။ စိတ်ကူးယဉ်မနေနဲ့တော့။ မင်းအိမ်တောင် မင်းမပိုင်ရတော့ဘူး မှတ်တော့။ သူ့အိမ်ဆိုတာလဲ တရားသဖြင့် ပိုင်ထားတာမဟုတ်။ လူသတ်ထားတဲ့ စစ်သားတိုင်း အသက်ကြွေး ပြန်ဆပ်ရမှာ။ ဘယ်နယ်မှာ ဘယ်ကောင်သတ်သွားတာ ဆိုတာ အကုန်စာရင်းရှိတယ်။ သတ်ထားတဲ့ကောင်တိုင်း ပြေးလွတ်ဖို့ မစဉ်းစားနဲ့။ မသတ်တဲ့ကောင် ထွက်လာလို့ အဆင်ပြေသေးတယ်။ စစ်တပ်က ပြိုနေပြီ။ မပြို ပြိုအောင်လည်း ဖျက်မှာ၊ ဒီမြေမှာ မထားတော့ဘူး။ နောက်ဆိုရင် စစ်ပင်စင်ဆိုတာလည်း ရှိတော့မှာမဟုတ်ဘူး။ အဲတော့ အောက်ခြေစစ်သားတွေက ကိုယ့်ဘာသာ သေချာစဉ်းစားဖို့လိုတယ်။ စစ်တပ်မရှိရင် ခုလုပ်ထားတဲ့ပုံအရ နေစရာရှိဖို့ မဖြစ်နိုင်။ စစ်သား ဆိုတာနဲ့ ရှာသတ်မယ့်သူတွေချည်း။ သူများအိမ် မီးတိုက်ထားသူတွေဆိုတော့ ဘယ်မှနေဖို့ မစဉ်းစားနဲ့။ ဘာလုပ်စားမလဲ။ ဘယ်သူက အလုပ်ပေးမလဲ။ ဘာလုပ်တတ်သလဲ။ မင်းတို့ကလေးတွေ ဘယ်လို ပညာဆက်သင်မလဲ။ ဘယ်ပုံ ဆက်ရှင်သန်မလဲ။ လူထဲ ပြန်နေလို့ရမလား။ ပြည်သူ့ရင်ခွင်မှာ ခိုဝင်တာကလွဲရင် ဘာထွက်ပေါက်မှ မရှိဘူး။ တပ်ထဲ ဆက်နေရင် စစ်သားကို ရှေ့ကထားမှာဆိုတော့ တရက်မဟုတ် တရက်၊ တပွဲမဟုတ် တပွဲ သေကို သေရမှာ။ ပြီးရင် ကျန်တဲ့မိသားစုက သွားပြီ။ ဗိုလ်ချုပ်တွေက သူ့ဟာသူ လစ်မှာ။ ကိုယ်လွတ်ရုန်းမှာ။ နေစရာ စားစရာအကုန်ရှိ။ ဒါလည်း သူတို့စိတ်ကူးပဲ။ လွတ်ဖို့တော့ လမ်းမရှိ။ ပြေးနိုင် တလှမ်း နှစ်လှမ်းပေါ့။

စစ်သားတယောက် သေလို့ မအလက ဝမ်းနည်းပေးမလား၊ ကြူကြူလှက ယူကျုံးမရ ဖြစ်မလား။ အောင်ပြည့်စုံက ကြေကွဲနေမလား။ ခင်သီရိသက်မွန်က ငိုကြွေးနေမလား။ နိုးပါ။ သတိတောင်မရပါ။ သူတို့ကုမ္ပဏီတွေ ထပ်တိုးလို့ မဝသေးဘူး။ ရပို့အလိမ်တွေနဲ့ သူတို့ အိုကေမယ် ထင်နေတုန်း။ ဗမာပြည်မှာ စစ်တပ်ကို ဘယ်သူမှ မနိုင်ဘူးဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်နဲ့ ကြေးမျှော်နေတုန်း။

ဒရုန်းလေးနဲ့ သွားကြဲလိုက်၊ စနိုက်ပါလေးနဲ့ ချောင်းပစ်လိုက်နဲ့ တပ်တွေလဲ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်လာပေါ့။ PDF တိုင်း ဒရုန်းတပ်ဖွဲ့ပြီးလို့ကတော့ လေယဉ်ဆီကန်တွေ၊ လေယဉ်တွေပေါ်ပါ ကြဲလို့ရတော့မယ်။ ရွာတွေ မီးရှို့ထားတာဆိုတော့ တန်းလျားတွေအလှည့် လာတော့မယ်။ လက်နက်ကြီး ထုတ်ပြီးရင် နီးရာစခန်း စမ်းပစ်ကြတာလဲ အပျင်းပြေ။ ကလစ်နေရင်လဲ ငွေရနေတဲ့ခေတ်လေကွယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar