Breaking News

နိုင်ထက်အေး - အသုံးမကျတဲ့ ကောင်းကင်

အသုံးမကျတဲ့ ကောင်းကင်
နိုင်ထက်အေး
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၃

ဘာမျှ အေးချမ်းမှု မရှိ
မှောင်မည်းရုံသာ
ပူလှောင်မှုကို ပေးစွမ်းခဲ့။
ဒါကို.....
သူ့ကိုယ် သူ 'ကောင်းကင်' တဲ့
အဲဒါကိုက မုသာဝါဒ  
သားကောင် ဆိုတာ
ဘယ်တော့မှ ကောင်းကင် မဖြစ်နိုင်။          ။
(*ကမ္ဘာမကြေ မှတ်စုများမှ....)

(ဩဂုတ် ၂၄၊ ၂၀၂၃)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar