Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၆)


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၆)

မိုးမခ ၊ ဩဂုတ် ၂၆ ၊ ၂၀၂၆

 

ချာမောက္ခ၊ ချာတဲ့နေရာမှာ သူမတူ၊ ဘူရဲ့ထိပ် PhD လေးထပ်၊ ငရဲကြီးရှစ်ထပ်၊ ဖိုက်အင်ဝမ်း ရန်သူမျိုး၊ ဂျပိုးမုဒိမ်း၊ အပလိန်းအနန္တ၊ ငနီပါ လှေမှောက်ဆိုတဲ့ လဒ၊ အသုဘဝတ်ရုံနီနဲ့ ကြမ္မာဝဋ်မလွတ်မဲ့ပြိတ္တာ၊ ဣဿာမစ္ဆရိယကိုယ်စားလှယ်၊ လောဘ ဒေါသ မောဟနယ်ရှင်၊ အပါယ်ဝင်စစ်မင်း၊ အဖျင်းအသိမ်၊ အတိမ်အကော၊ ငပေါစောက်ရူး၊ ဘီလူးသဘက်၊ ဖွတ်တက်လောက်ကျ၊ ပါးစပ်ဝကဖင်၊ အမြင်ယွင်းပျက် တဖက်စောင်း တဖက်စွေ၊ မျက်နှာချေသုတ်ထားတဲ့ မသာ့စောက်ခွက်၊ ခွေးတဝက်ကြောင်တခြမ်း၊ ဖွတ်ရောင်သန်းပြာပုတ် အရိုင်းပေါ်အယုတ်၊ မဟုတ်အညစ်အဆင့်ဆင့်၊ မတင့် မတော် မတတ်၊ အရပ်နာ ဇာတ်နာ၊ တိုင်းနာ ပြည်ကြေ အသရေမဲ့ကောင်။ ဟူး မောလိုက်တ၊ ဒီအယုတ်တမာရဲ့ မဟုတ်မဟာတွေက ဖွဲ့မကုန် ရေးမခန်း ပြောမဆုံး စမုံမတုံးစတမ်း ဖြစ်နေမှာဆိုတော့ တခန်းရပ်ထားတော့။

အဲဒီမအလ ငလမကောင်ကို ဘက်စုံကူညီတဲ့ တရုတ်တော့ မုန်တိုင်းမပြတ် ကပ်ပြီးကပ် ဖြစ်နေ။ စစ်အုပ်စုကိုဖို့ ငါတို့ဆီ မီးရှို့တာကူတော့ သူတို့ဆီ ရေကြီးတာပေါ့။ မီးနဲ့ရေ ရေနဲ့မီး ဘယ်ဟာအားကြီးတာ်ပြောရခက်၊ ရေများရေ၊ မီးများမီးဆို မဟုတ်လား။ အင်း နောက် စစ်တပ်ကို ဘက်စုံကူ ငပူတင်တကောင်လည်း ဒရုန်းတွေ တအုပ်ပြီးတအုပ် ဝဲလွန်းလို့ ခေါင်းမဖော်နိုင်။ အတိုက်အခံတွေပါ လိုက်ကိုင်ထိန်းချုပ် ကမ္ဘာကြီးနဲ့တင်မဟုတ်ဘဲ တတိုင်းပြည်လုံးနဲ့ပါ ရှုပ်တော့မယ့်ဇာတ်။ ကော်ဇောနီခင်းမိတဲ့ ထိုင်းလည်း ထူးခြားရာဇဝတ်မှုတွေနဲ့ လုံးချာလိုက်ပြီး ရေစကြီးနေပြီ။ ရေကြီးဆိုဆိုရင် သဘောပေါက်၊ အိပ်ရာအောက် ရေဝင်ပြီဆိုတဲ့အထာ သိတယ်ဟုတ်၊ ရှေ့လမှာ အယုံအကြည်မရှိ အဆိုနဲ့ တောထုတ်ခံရကိန်း။ 

အိန္ဒိယနဲ့ တရုတ်လည်း နယ်စပ်ပြဿနာ ကြီးထွားလာဦးမှာ ကြည့်နေ။ ကပ်သမားပြန်ရင် မရပ်မနားခံရမယ်ဆိုတာ သဘောပေါက်ကြရတော့မယ်။ ခု တရုတ်မှာ ကိုဗစ်တောင် ဗားရှင်းသစ်နဲ့ ထွက်လာနေပတဲ့။ သူ့မူပိုင် ဝူဟန်ဗိုင်းရပ်က အခန့်မသင့်ရင် တိုင်းရပ်မှန်သမျှ မဆိုင်းသတ်မဲ့ သဘော။ ဝူဟန်ကနေ ကိုဗစ်အမည်ပေး ကင်ပွန်းတပ် လုပ်တာ အတော်ကုန်ခဲ့ဆိုဘဲ။ ခုဆို တပြည်လုံးက ကားတွေလည်း ဖားတွေဖြစ်၊ ပွမ်ပွမ်မမြည်ဘဲ တအွမ်အွမ်နဲ့ ရေထဲမှာ။ မအလက မြန်မာပြည်မှာ တရုတ် EV ကားစက်ရုံ‌ထောင်မယ် ပြောကာရှိသေး၊ တရုတ်ကားတွေခမျာ ရေမျော ကမ်းတင်၊ မကောင်းဆိုးဝါးဝင်ပုံများ ပြောပါတယ်။

မအလ ချေချတဲ့ ရုရှားမှာလည်း ပြည်သူတွေက ဘဏ်မှာအပ်ထားတဲ့ငွေတွေကို အလုအယက်ပြန်ထုတ်ယူနေကြပြီ။ မကောင်းဆိုးဝါး လာပြီဆိုတော့ ဆိုးရွားတော့မှာ သိပြီလေ။ ချမ်းသာသူတွေက နိုင်ငံခြား ပြေးကြပြီ။ အင်တာနက်တွေ နေရာတော်တော်များများ ပြတ်တောက်နေပြီ။ ရုရှားပြည်သူတွေ ခံစားနေကြရပြီ။ မသာကောင် လာပြီဆိုတော့ အလောင်းပေါ် အလောင်းဆင့်တော့မှာ မဟုတ်လား။ မိုဒီဆို မပြုတ်ရုံတမယ်၊ အခု အတိုက်အခံအင်အားစုကြီးတခု ကိုယ်ဝန်လွယ်သလို လွယ်ထားရပြီ။ ဖျက်ချမရနဲ့ တဖြည်းဖြည်း ကြီးထွားလာပြီး ဗိုက်ခွဲမွေးထုတ်ရတော့မှာ။

မအလ ခမျာလည်း အမေပေးတဲ့ လယ်တကွက်နဲ့ လုပ်စားနေရတယ်ဆိုသာလို ရောက်ရာအရပ် ရတနာပုံမြို့သစ်စီမံကိန်းလေးထဲ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ထိုးထိုးဟောင်နေရတော့တာ။ ပထမ ပြည်တွင်းက ဝန်ကြီးဌာနတွေနဲ့ ခရိုနီတွေ။ အဲဒီက ဘာမှထူးမရတော့ အိန္ဒိယဘာဘူတွေကို လာကူပါလုပ်၊ ဟိုက တုတ်တုတ်မှမလှုပ်တော့ တရုပ်ကြီးဆီ အဟုတ်တီးဖို့ လေးဘက်ဖြန့်၊ အဲသမှာလဲ သေးစက်တောင် မနှံ့တော့ အနူတင်ရှေ့ ကုန်းကုန်းလေးပေါ့၊ ဟိုကလည်း လူအိုရွတ်တွ မျောက်ဖင်ဝကို ရွံလှပေဟန် လက်ကာပြန်သော် ဘရံတောက်တီး ကြွက်မင်းကြီးနား အခစားဝင် အရှင်သဘောရှိ ကရောဟိပါဖရားလုပ်ရော။

ရုရှားမှာတော့ မအလ ငလမက သူ့ခွေးပေါက် အောင်ပြည့်စုံရဲ့ ရတနာပုံမြို့သစ်စီမံကိန်းတင်မက ထားဝယ်ရေနက်စီမံကိန်းလေးပါ ထည့်ပြောရတာပေါ့။ ပြဿနာက နှစ်ခုလုံး သူ စိုးမိုးနိုင်တဲ့နယ်မြေမဟုတ်မှန်း လူတိုင်းသိ။ တရုတ် ကယ်လို့ ပြင်ဦးလွင်က မကျလိုက်တာလေ။ ထားဝယ်ရေနက်လည်း ရေတိမ်နေပြီ။ ဒီကောင် ပူတင်ကို နွားပျောက်ကြီးတရှဉ်းလိုက် လက်ဖွဲ့နေပြီ။

တကယ်တော့ ရတနာပုံဆိုက်ဘာစီတီး ဆိုတာ စည်တီးတာကို ပြောတာ။ စည်တီးဆိုတာက တီးလိုက်ပါတဲ့ ဗုံကြီးသံ ဆိုတဲ့ ညသတ်စည်တော်ကြီးကို တီးတာလေ။ လုံးကြီးတင်စီတီး မဟုတ်။ ဆိုက်ဘာဆိုတာ ဆိုက်ကိုဘာလို့ ပြောတာ၊ ဆိုက်ကိုထပြီး စည်ကြီးတီးတာကို ဆိုက်ဘာစီတီးလို့ ဆိုသပေါ့။
အားလုံး သိကြတယ်ဟုတ်။ အဲဒါကြီးကို ရောက်ရာနိုင်ငံမှာ ဆီပုလင်းခါးချိတ်တော့ ဟိုက ဆားသိပ်လွှတ်လိုက်ကြတာ။ သိမ်းခံရဖို့ နေ့လားညလား ဖြစ်နေတဲ့ အခြေအနေမှာ ရတနာပုံမဆိုက်နိုင်မှန်းလည်း လူတိုင်းသိ။

သူတို့သားအဖရဲ့ ဖင်ဟာ ၄၀၄၇ ဟက်တာခန့် ကျယ်ဝန်းတဲ့အတွက်ကြောင့် လာရောက်မြှုပ်နှံစေချင်တယ်လို့ သူ့နှုတ်သီးနဲ့ မဆံ့တဲ့ အလုံးကြီး‌တွေ မျိုရင်း ထိုးထိုးအူလိုက်သေးတယ်။

ပူတင်က ဆီအရောင်းဆိုင် ဂက်စ်အရောင်းဆိုင်လေး လာဖွင့်မယ်‌ဆိုတာနဲ့ မအလခမျာ (ချီ)ခြေမကိုင်မိ လက်မကိုင်မိ‌၊ ခွေးဟောင်သံ တကိန်ကိန် ပေးတော့တာကလား။

ပူတင်က မြေဩဇာစက်ရုံများ တည်ဆောက်ရေး စီမံကိန်းများကို ဆွေးနွေးနေတယ်ဆိုပြီးဟောင်လိုက်တော့ ယူကရိန်း စစ်မြေပြင်များ အပို့ခံရမလားဆိုပြီး စစ်တပ်တတပ်လုံး ကျောချမ်း ဖျင်ချမ်း ရင်ချမ်း ဖြစ်နေကြပြီလေ။

ပူတင်ဆိုတဲ့ သောမကြွက်က မြွေမကြောက် ဘာမကြောက် လုပ်နေတာရှိသေးတယ်။
‌ဗုဒ္ဓဘာသာဇာတ်တော်ထဲက သောမကြွက်မင်းလဲဆိုသေး၊ ရန်ကုန်မှာ ရုရှားကနေ အကြီးဆုံး Orthodox ဘုရားရှိခိုးကျောင်း တည်ဆောက်ရေးအစီအစဉ်ကို ဆောင်ရွက်နေတယ်တဲ့။ ဒီက မဘသတွေက ဗလီပြင်တာတောင် သွားဖြဲတာနော်။ ခုလို ဘုရားကျောင်းကြီး‌လိုက်လာဆောက်တာများသိလို့ကတော့ အဏုမြူဗုံးချတာထက်သာသွားမယ်၊ ဟင်း ဟင်း။

ပူတင်က မြန်မာနိုင်ငံက အခုလက်ရှိ စစ်ဗိုလ် ၄၀၀ ကျောင်းလာတက်နေတယ်၊ ရှရှားကနေဘွဲ့ရပြီးသူ ၇,၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြောသွားတယ်။ ဒါဟာ ပြည်သူ့ဘဏ္ဍာတွေ ထင်သလို သုံးပြီး ပြည်သူကို ပြန်သတ်တဲ့ စစ်ဗိုလ်စာရင်းပေါ့လေ။ သွားလေသူ ဒေါက်တာမတင်ဝင်းလို စစ်တပ်အပေါင်းပါအရပ်သားတချို့လည်း ပါတာပေါ့။

'ခွေးချုပ်' 'ကြင်စိုး' 'မအလ' 'ငလမ' လေးဘွဲ့ရကတော့ ဘာပြောပြ ဘာချပြရမှန်းမသိ၊ ဘာမှလုပ်တတ်တာလဲမရှိတော့ ဖာဆွယ်သံလေးနဲ့ မြန်မာနိုင်ငံဟာ ဖောက်သည် များပါတယ်ပေါ့။ တကယ့် လုပ်အားကြီး နှစ်နိုင်ငံကြားမှာ ရှိပါတယ်ပေါ့။ လုပ်သားအင်အား ကောင်းမွန်တယ်၊ လုပ်အားခသက်သာတယ်၊ ပေါချောင်ကောင်းပါတယ်ပေါ့လေ၊ ဆွယ်ရရှာတာ။ တကယ်တော့ လုပ်သားအင်အားက သူဖြုန်းလို့ ကုန်ပြီ။ ဘောမှုထမ်း‌ခေါ်လို့ ထွက်ပြေးတာနဲ့ သေတာနဲ့ချည်းပဲ၊ အကျိုး အပြတ်သာ ကျန်တော့တာ။

ခွေးရူးကောင်က လက်ရှိ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတာအပေါ်  ရုရှားဘက်က စိုးရိမ်ပူပန်မှုနဲ့ အားပေးနှစ်သိမ့်မှု ပြသခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဟောင်နေပေမဲ့ စစ်ကိုင်းဘက် ရေဘေးအကူသွားသူတွေကိုတော့ အကူပစ္စည်းတွေ သိမ်းပြီး ဖမ်းလားဆီးလား ခြိမ်းလားချောက်လားလုပ်၊ လေယဉ်နဲ့ ဗုံးပါလိုက်ကြဲနေသေးတာ။

ခွေးရူးကောင်းစား တမွန်းတည့် ဆိုတဲ့အတိုင်း မကြာတော့ပါဘူးတဲ့။ ထိုင်းက အကြားအမြင်ဆရာမက ပြောတယ်။ ပြည်သူ့လက်မှာ အသက်ထွက်ရမတဲ့။ အဲသမှာ ပြည်တွင်းက ဗေဒင်ယတြာဆရာတွေဆိုတာ ပုံးခိုင်ပြီဆိုပြီး ပျော်နေကြတဲ့ဖြစ်ခြင်း။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar