ဆုဘိုးမိ - ခေါင်းစဉ်မဲ့ရာသီ
ခေါင်းစဉ်မဲ့ရာသီ
ဆုဘိုးမိ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၃
ရင်ကွဲပက်လက် လျှပ်စီးတွေ လာပြီးရင်
မိုးခြိမ်းသံ အလိုလိုပါလာတတ်တယ် ။
အားလုံး သိပြီးသားတွေကိုတောင်
ထိမ်းထိမ်းသိမ်းသိမ်း ပြောနေကြရတဲ့ အရပ်မှာ
ပန်းပင်လေးစိုက်တာက အစ
သတိနဲ့ လွတ်လို့မှမရတာ ။
ကြည့်
တံခါးတချပ်ကို ဖွင့်လိုက်တိုင်း
ညှို့မှိုင်းနေတဲ့ ကောင်းကင်ကြီးက. ငိုကြွေးးး လို့။
ရန်သူမျိုးက. ငါးပါးမကနိုင်ပြန်တော့
ကောသလ အိမ်မက်တွေက. ထပ်တိုးးးး လို့။
စစ်မျက်နှာ ဖွင့်ချင်စိတ်တွေ လွှမ်းနေတော့
မဟာမိတ်ကို မမြင်နိုင်လောက်အောင် ကန်းးးး နေလို့။
လေပူတွေ ဝိုင်းးနေတဲ့ ရပ်ဝန်း ဆိုတော့
စိတ်ဘယ်လောက် အေးအေး
နဖူးကချွေး ခြေမကို ရောက် လို့။
မီးလေးတော့ ခဏခဏ မှိတ်ပါတယ်
ပြန်ဆင်းလာတော့လဲ
မက်နေကြ အိမ်မက်တွေချည်း ပြန်တွေ့နေရ ။
ဒီလိုနဲ့
ဂျာအေးတွေ ချည်း ပြေးနေရတဲ့တိုင်းပြည်မှာ
မျက်နှာဖုံး အကူအညီမပါပဲ
မပြုံးတတ်တော့တာ ........... ..... .. ကြာပြီ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar