Breaking News

နီမင်းထက် - မိုးလေဝသတို့ ဇလဗေဒတို့ကြားဖူးနားဝတို့မှာ တို့တို့တိတိ တို့တိ


မိုးလေဝသတို့ ဇလဗေဒတို့ကြားဖူးနားဝတို့မှာ တို့တို့တိတိ တို့တိ
နီမင်းထက်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃

မိုးရွာမှ ရေစီးရေလာကောင်းရရှာပြီးဒေါသမထိန်းနိုင်တဲ့ ရေနှုတ်မြောင်းလေးပါ
အဲ့ဒီနောက်ဖေးလမ်းကြားလေးကို အလ္လာပသလ္လာပသဘောမှာ အတွင်းဝန် အပြင်ထွက်သလို အမှိုက်တွေလာလာသွန်ကြ 
အုန်းဆံကြိုးမီးရှို့ထားတဲ့တရက်ပြီးတရက်ရဲ့ ငယ်သွားတဲ့အသက်ဓာတ်မှာ ဦးဆွေးဆံမြေ့အတွက် အမှုတွေ ထမ်းရှာရင်း ထန်းရည်မူး ကျွဲခိုးပေါ် အမူးပြေထန်းပင်မော့ကြည့် ရှာမိခဲ့တာတွေ
အပျက်မလေးရဲ့ဘဝ သနားသဖြင့်စော်ကားပစ်လိုက်တယ်ဆိုတဲ့ စာနာမှုမျိုးနဲ့ ခေါင်းလောင်းထိုးသံပဲ 
အဲ့ဒီသန္ဓေတားဆေးကဘယ်နှစ်လခံပါလိမ့် ခွဲတမ်းစနစ်နဲ့စားအုန်းဆီကိုတန်းစီတိုးကြသလိုပေါ့
ခေတ်ဆိုတာမျိုးကလည်းကိုယ်အတင်းဝင်ပြီးနေမိထိုင်မိတဲ့ခုံဆိုတော့လည်း ထိမိကိုင်မိတာပေါ့ ပယောဂကုဆရာရဲ့ကြိမ်လုံးရယ် ခြုံကွယ်လို့မရတဲ့ မိုးရွာမယ်မထင်မိသလိုပေါ့
ကိုယ့်ဥတုကို မိုးဥတုက မိုးထားတဲ့ နေ့ခင်းဖက်သန်းခေါင်ယံတည့်တည့်ကြီးရဲ့အနမ်းလှိုင်းပဲ
ပိုက်သာဂိုးရပ်စ်ရဲ့ထောင့်မှန်ခံအနားမှာ အလွမ်းမိုင်နှုံးနဲ့ရွာဆွေးရန်ရာနှုံးကို မုန်တိုင်းက တိုင်းပဲ 
အို... ကမ္ဘာကြီးရဲ့
ထပ်ပျင်းပေးရဦးမှာလား လေးသင်္ချေနဲ့ကမ္ဘာတသိန်းမကတဲ့အလျှားဆန့်ကိန်းဆိုပါ‌တော့ 
နေခြည်နဲ့ဘယ်တော့ရွှေရည်လောင်းမှာတဲ့တုန်း အဲ့ဒီရပ်ဝန်းမှာ
ညမထွက်ရတဲ့ညမှာ ဒီနှစ် ဝါထပ်သတဲ့လေ
ဒါနဲ့ငါက အသက်ရှိတဲ့သတ္တဝါပဲလား
နုံးတင်မြေနုကျွန်းအတွက် ကမ်းပါးတွေ ပြိုလို့။ ။

၂၀.၉.၂၃ 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar