Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြောက်ငတိမြန်မာမှာ အောက်ကလိအာနေကြတာတွေ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြောက်ငတိမြန်မာမှာ အောက်ကလိအာနေကြတာတွေ

(မိုးမခ) စက်တင်ဘာ ၂၂ ၊ ၂၀၂၃


မိုးမြင့်ထွန်းတို့ စိုးထွဋ်တို့အဖွဲ့တော့ မုဒိမ်းသမားချင်း ဖျင်ချခံရတာလို့ မြောက်ငတိ မြန်မာမှာ အောက်ကလိအာနေကြသတဲ့။ 

မုဒိမ်းခေါင်းဆောင် ငပုခေါင်မလဲ ဗိုလ်နေဝင်းခေတ်ကလို သန့်ရှင်းရေးလုပ်ပြရင် လူအထင်ကြီးခံရမယ် ရည်ရွယ်ချက်နဲ့၊ တကယ်ကတော့ မိုးမြင့်ထွန်းက သူ့လူတွေတောင် အထာမထားတာလဲ ပါတာပေါ့လေ။ ငတ်ကြီးကျမှု၊ အဲ လာဘ်စားမှုနဲ့ ဖြုတ်ထုတ်ပြလိုက်တာ ဟားငါးကောင်ထက် ရီနေကြပါရောလား။ စစ်သား လာဘ်စားတာ ခွေး ချီးစားတာလိုဘဲလေ။ ဘာမှားလို့တုန်း။ အဲသည် မဟာအစဉ်အလာကြီးကိုမှမထောက် ခွေးကို  ချီးစားမှုနဲ့ အရေးယူတယ်ဆိုတော့ မြောက်မြန်မာလို ဝါးလုံးကွဲမဟုတ်တောင် ဒီဘက်မလဲ မပြုံးဘဲ နေနိုင်ရိုးလား။ 

အင်း ခုတော့ ငပုခေါင်မလဲ ငုံမိတဲ့ကျားလဇိ ချက်ကြိုးမိ ဆိုသလို ရှလွတ်၊ အဲ ဟုတ်ပေါင် မလွှတ်၊ အင်း ဆွဲမိတဲ့ ကျားလပြွတ် လွှတ်မရဖြစ်ပြီး ပေါ်သမျှ ပုတ်သင်ဥတွေပါ ပြုတ်စားနေရပါရောလား။

ဒီလိုလေ ဟိုခေတ်က လာဘ်စားမှုဆိုဖြုတ်ဖြုတ် ဘာလုပ်လုပ် သတင်းဆိုတာ သူတို့ပေးမှ ပေးးသလောက်ရတာ၊ သတင်းစာလေးထဲ အကွက်ကလေးတကွက်လောက်ပါလာတာ။ သူဘဲ မသူတော်လိုလို၊ ကိုယ်ကျ လူမော်လိုလို လုပ်လို့ ရသေးသပေါ့။ လူမသိသူမသိ ပြီးသွားတာဘဲ။ ဒီခေတ်ရဲ့ သတင်းစီးဆင်းမှုကတော့ တရုတ်ပြည် ရေကြီးဆည်ကျိုးသလို တားမနိုင် ဆီးမရလေ။ ဘာဗိုလ်ချုပ် ဘာလုပ်တာ ဘာသုတ်တာ ဘာယုတ်တာ အကုန်သိ။ တပ်ထဲမှာ လာဘ်စားတဲ့ကောင်ဆိုတာကလဲ လက်ညှိုးတင်မဟုတ် ဘယ်အချောင်းနဲ့ထိုးထိုး မလွဲဆိုတော့ စစ်ရင်းဆေးရင်း မထူးဇာတ်ခင်း ဆက်အရေးယူနေရတာ ရပ်လို့ကို မရတော့ဘူးလေ။ ရပ်လိုက်ရင် သူတို့လဲ သူခိုးမို့ အရေးမယူရဲတော့တာလို့ ပြောကြမှာကိုး။

ဟားငါးကောင်ထက် ရီရတာက အရေးယူခံရတာက ခိုးမှု။ အရေးယူတဲ့ကောင်တွေကလဲ သူခိုးချည်း။ ဒမြနဲ့ တအူတုံဆင်း။ ဗျင်းခိုင်းတာက ငတက်ပြား။ ဘုရားဒကာ။ ခိုးရာပါ တိုက်ရာပါပစ္စည်းနဲ့ တည်ထားတဲ့ ဘုရားဒဂါ။ အာ့ကြောင့် မိုးမြင့်ထွန်းတို့ စိုးထွဋ်တို့ဟာ မုဒိမ်းသမားချင်း ဖျင်ရိုးခံရတာလို့ သူတို့ချင်း ပြောကြတာ။ 

မြောက်ငတိရွာမှာ အောက်ကလိအာနေကြတာက သူခိုးမိုးမြင့်ထွန်းတို့နေရာ အစားဝင်လာသူတွေက တကယ်တော့ သူခိုးမဟုတ်ပါဘူးတဲ့။ သူခိုးဆို မလွှတ်ဖူးတဲ့။ သူတို့က သူဝှက်တဲ့။ သူဝှက်ဆိုတာ သိတယ်ဟုတ်၊ "သူခိုးပေါ် သူဝှက်လု" ဆိုတဲ့ စကားပုံ။ မြထွန်းဦးတို့အဖွဲ့က မိုးမြင့်ထွန်းတို့ ခိုးထားသမျှကို ပြန်လု ပြန်တိုက်သူတွေလို့ ပြော့ထာ။ အာ့ကြောင့် မိုးလောက်မြင့်တဲ့ မိုးမြင့်ထွန်းကို ဦးတဲ့အနေနဲ့ မြထွန်းဦးနဲ့ အစားထိုးလိုက်တာတဲ့။ မိုးမြင့်ထွန်းကလဲ ကာချုပ်ရန်ကာကွယ်ဖို့ အစီအရင်မျိုးစုံနဲ့ ကြိုးခုန်ထားသတဲ့။ အာ့ကြောင့် ငပုခေါင်က မိုး+မြင့်ထွန်း-ကို မြထွန်း+ဦး-နဲ့ တန်ပြန်စီရင်လိုက်တာတဲ့။ ဘာရမလဲ ရာမ ရာပေါ့လေ။ သာဝ ဖြစ်ချင်တဲ့ကောင်ဆိုတာ ဗေဒင်လောက်နဲ့ လေချဉ်တက် လို့မရ။ သူဝှက်လေးတွေပါ မွေးထားရတယ်ကွပေါ့လေ။ 

လတ်တလော ခု မြောက်တောမှာ ဘောက်ပြောနေကြတာက ဘချုပ်ကြီးက သူ့ကို "ငတက်ပု" လို့ ခေါ်ကြတာကို ကြိတ်ကြွေတယ်ဆိုတဲ့အကြောင်းတဲ့ဗျ။ "ငတက်ပု" ဆိုတာ "ငတက်ပြား"နဲ့ ဓာတ်တူနံတူမို့ သိပ်ကြိုက်တယ်ဆိုကဘဲ။ မာရဝိဇယဘုရား တည်တာကိုက သူခိုးကြီးငတက်ပြား မရှိခနဘုရားတည်တာကို အားကျလို့တဲ့။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar