Breaking News

ကျော်ဟုန်း - အကြောင်းရင်း

‌Art by Than Htay Maung
အကြောင်းရင်း
ကျော်ဟုန်း
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၃

မူရင်းမေတ္တံ ဘာဝေထဟာ

ဓား မကိုင်ဘူး
လှံ မကိုင်ဘူး
 -လေးမြား မကိုင်ဘူး
ဒူးလေး မကိုင်ဘူး
သေနတ် မကိုင်ဘူး။

တခုခုကို
မရွေးမနေရ
ရွေးရမယ်ဆိုရင်

စောင်းကောက် ကိုင်မယ်
ဒါမှမဟုတ်
တယော ကိုင်မယ်။

ဒါပေမဲ့ 
အခုအချိန်မှာ
မေတ္တံ ဘာဝေထတွေဟာ
သေနတ်ပူဆာနေပါတယ် ဘုရား။

မြန်မာ့နွေဦးတလရဟာ
မေတ္တံ ဘာဝေထနဲ့ မသွေဖီသမို့
လောကပါလတရားထွန်းကားဖို့

ရှိသမျှဘာသာတရားရဲ့ ဘုရားများက
ခွင့်လွှတ်ပေးတော်မူပါဘုရား။

၂၃၈၂၆

*မေတ္တံ ဘာဝေထ = သတ္တဝါတို့အကျိုးစီးပွားကို လိုလားစိတ်မွေးမြူခြင်း )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar