Breaking News

တပ်ဦးလ - စာတိုက်ပုံးထဲက ရည်းစားစာ

Image - Credit ( Google)
စာတိုက်ပုံးထဲက ရည်းစားစာ
တပ်ဦးလ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၃

မင်းကိုချစ်တယ်ပြောဖို့
စကားထစ်နေတာ သုံးနှစ်
မင်းကိုချစ်တဲ့အကြောင်း
စာထိုင်ရေးနေတာ သုံးနှစ်
မင်းဆီကပြန်စာကို
ငါထိုင်စောင့်ခဲ့တာ သုံးနှစ်
နွေနွေ
မိုးမိုး
ဆောင်းဆောင်းတို့ရယ်
ခုချိန်အထိ
ငါ့ကိုယ်ငါ လက်သုံးချောင်းထောင်နေမိတာ
အပြစ်လား
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar