Breaking News

မောင်လင်းရိပ် - အတို့အမြှုပ် မဟုတ်ဘူး

အတို့အမြှုပ် မဟုတ်ဘူး
မောင်လင်းရိပ်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၃

စစ်မြုပ်မြုပ်
ရေမြုပ်မြုပ်
မြုပ်သမျှ (အရပ်သားတွေရဲ့) ဒုက္ခပဲ
ဂါဇာဇာ 
လိုင်ဇာဇာ
ဇာပန်းကွက်ပဝါအနက်လေး ခြုံရပေါ့
ပဲခိုးဘူတာမှာ
ငနဲသူခိုးလူညာတွေချည်း မြုပ်လို့ မရဘူးလား
ဒီလောက်မြုပ်နေတဲ့ ကမ္ဘာမှာ
ကဗျာလည်း မြုပ်ချင်မြုပ်လို့ မတွေးပါဘူး
ဒါပေမဲ့ ကမ္ဘာမကျေဘူး
ကမ္ဘာသားတွေက အရင် ကြေနှင့်ပြီ။

၂၀၂၃၊ အောက်တိုဘာ ၁၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar