Breaking News

သီအိုဇော် - မုန်လိုင်ခက်


သီအိုဇော် - မုန်လိုင်ခက်

(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၃


မထင်မရှားနဲ့

မြေပုံပေါ်မှာ

ဝိုးတို့ဝါးတား

လူသူသိပ်မသိ

ရှာကြည့်ဖို့တောင် ခက်

စစ်ကို ရှောင်လည်း

ရှောင်လို့ကို မလွတ်ခဲ့တဲ့ နေရာလေး။


အခုတော့

မြေပုံအစီအရီနဲ့

တည်ရှိနေမှုကို

ထင်ထင်ရှားရှား

သက်သေပြသွားခဲ့ရှာသလို

စစ်ရာဇဝတ်ကောင်တွေရဲ့

ရွံရှာစရာ မျက်နှာဖုံးကိုလည်း

သွေးစိမ်းရှင်ရှင်

နာကျင်ဒဏ်ရာတွေကြားက

တာဝန်ကျေကျေ

မရမက

ပီပီပြင်ပြင် 

ခွာချပေးသွားခဲ့။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar