နေသွင်နိုင်း - နှင်းဆွတ်သရဖူ
နေသွင်နိုင်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၃
ခရစ္စမတ်သစ်ပင်ကို မြေသားပေါ်ရေးလို့
" ခရစ္စမတ်မှာ အိမ်ပြန်ချင်တယ် "
" စစ်ပွဲပြီးတဲ့ဆေး မရှိဘူးလား အမေ"
အိပ်မက်ကို လေးကြောင်းမျဉ်းထဲရေးတဲ့ အမျိုးသားကောင်း
ကြယ်။
အသက်ကို လေယာဉ်ပျံက ခေါ်သွားမယ်ဆိုတာ
ဘုရားသခင်က ကြိုမပြောခဲ့တော့
နောက် - ဆုံး - ပေါင် - မုန့် - ကို- ကိုက်-ဖဲ့- ဝါး - နေ - ခဲ့ - တယ်။
မိုးမမြင်လေမမြင် ပျော်ရွှင်မှုပုလင်းကို ဖွင့်တဲ့အခါ
မြောက်ပြန်လေရဲ့ပေးပို့ချက်သတင်းရုပ်သံ သောတဆင်ပါ
" အနန့်ပါ "နေ့ဟာ ခင်ဗျားတို့စားသုံးရမယ့်
မနက်ခင်းအသားလိပ်ဖြစ်ပါတယ်။
လွတ်မြောက်မှုကို
ဆာလောင်မှုလို သီချင်းဖွဲ့ ဆောင်းနေရလို့
သဇင်မကြွင်းခင် နှင်းခွဲလရောင် မြင်ချင်တယ်။
မျက်ရည်ဟာ ငိုစရာအဖြစ်ကျခဲ့ပြီ
ပျော်စရာ အဖြစ်သာ ကျန်တော့တယ်။ ။
၃၀/၁၀/၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar