ရဲဘော်တေး - တပ်သားလေးတို့ရေ
ရဲဘော်တေး - တပ်သားလေးတို့ရေ
(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၃
ဦးပိန်တံတား ကျိုးပြီဆိုတော့ ဦးလိန်ငနွားလဲ ကျိုးရတော့မှာပေါ့။ နှစ်ခုလုံးက သက်တမ်းလွန်တွေလေ။ ခံနိုင်ဝန်က မရှိတော့ဘူး။ တရုတ်လစ်မလိုလို အသံထွက်လာတယ်။
ခုတော့ တပ်နဲ့ကပ်ဆိုတာ အဓိပ္ပာယ်တူစကား ဖြစ်လာပကိုး။ တပ်ထဲမှာက နေ့စဉ်နဲ့အမျှ ငိုသံပါကြီးနဲ့ ရွတ်နေတဲ့ ပရိတ် ပဋ္ဌာန်းသံကိုက ချောက်ချား မှောက်မှားစရာကြီးဖြစ်နေတာ။
ဘာတတ်နိုင်မလဲ။ ဘယ်သူမပြု တပ်ပိုင်မှုကိုး။ သူ ပြေးလဲ လွတ်မထင်ပါဘူး။ စောက်ပြဿနာမှန်သမျှ ဆရာကြီးလုပ်ပြီး သူ ရှုပ်ခဲ့တာတွေချည်းဆိုတော့ သူ့ ဘယ်သူက အပြေးခံမလဲ၊ နော့။
ခုက တပ်မှာ သူဦး သူပြေးဘဲ။ နောက်ကျတဲ့ခြေထောက် RIP။ ကျည်သံပေး ပြေးပြီ ဘေးဘီ။ အေးနေဝင်းတို့၊ နေရွှေသွေးအောင်တို့ လီးသရမ်းဖို့ ပေးခဲ့ရတဲ့ အသက်တွေက နည်းလား။ အဲကောင်တွေ ဒေါ်လာသန်းပေါင်း ထောင်ချီရှိပေမယ့် ဒုက္ခိတစစ်သားတယောက် ဆေးဖိုးတောင် ထောက်ပံ့တာ ရှိလား။ နိုင်ငံတော်ကပဲ အချောင်ပင်စင်ပေး ဆေးကုပေးထားရတာ။ တလောက ခွေးတကောင်၊ ဖားကန့် KTV မှာ ဇယားနဲ့ ဂန့်သွားတာသာ ကြည့်။ စစ်ဗိုလ် ဆိုတဲ့ကောင်တွေ လီးသရမ်းဖို့ စစ်သားတွေ အချောင်သေပေးရတာ မနည်းဘူးလေ။ အမယ် ခု သူ လီးသရမ်းခ တိုင်းပြည်ကတောင် ပင်စင်ထုတ်ပေးနေရသေးတယ်လေ။ ခုထိ အဲတပ်မှာ အဲကောင် ခိုးထား ဗုံးထားတဲ့ငွေပြဿနာ တိုင်ပတ်နေတုန်း။ ၃၃ ကကောင်။ အဲဒီလိုကောင်တွေ အများကြီး။ တကယ်ပြောတာ သူတို့ လီးသရမ်းလို့ သေပေးရတဲ့စာရင်းလုပ်မထားလို့သာ။
မရတော့ဘူး ငါးကောင်တို့။ ခေါသနီမ လက်ကိုင်မျိုးစုံ ဆွဲရဖို့၊ အောင်ပြည့်စုံ ဖွန်ချင်တိုင်းဖွန်ဖို့နဲ့ ခင်သီရိသက်မွန် တွန်ချင်တိုင်း တွန်ဖို့ ဘယ်သူမှ ဆက်အသေမခံတော့ဘူး။
မအလဟာ တပ်မတော်ကို စုံးစုံးမြုပ် ပျောက်ကွယ်သွားအောင် လုပ်နေတယ်ဆိုတာ ဗိုလ်ချုပ်ကြီးဟောင်းတွေကြားလဲ ပြောလှပြီ။ လက်ရှိ တာဝန်ယူ လူသတ် မီးရှို့နေရတဲ့ ဗိုလ်တွေကြားတော့ ပြောမနေနဲ့တော့။ ရှို့နေရတာကလဲ သူ့မကြိုက်တဲ့သူအိမ်မှန်သမျှ၊ သတ်နေရတာကလဲ သူ့မကြိုက်တဲ့သူ မှန်သမျှ။ သူ့ ကြိုက်တဲ့သူကလဲ ဟုတ်တိပတ်တိ မရှိ။ ဘာအဓိပ္ပာယ်မှကို မရှိတာ လုပ်နေရတာလေ။ အင်္ဂုလိမာလတပ်ကြီးကို ဖြစ်လို့။ အစကတော့ အဟုတ်မှတ်ပြီး သတ်ဟာ၊ ရှို့ဟာ လုပ်တာ။ သတ်ရင်း ရှို့ရင်းနဲ့ ကိုယ့်အမျိုး ကိုယ့်ရွာပါ ပါလာတော့မှ မှားမှန်းသိ။ ပြန်စရာရွာ မရှိတော့မှန်းသိ။ ခေါ်စရာအမျိုး မရှိတော့မှန်း သိတာ။ သူနဲ့ သူ့သားသမီးမြေးမြစ်တွေကတော့ တရုတ်ထွက်ပြေးလို့ ရတယ် ဆိုပါစို့။ ကိုယ်က ဘယ်ပြေးမလဲ၊ ဘာနဲ့ စားမလဲ။ ကိုယ့်ဘာသာ မစဉ်းစားတတ်ဘူး ဆိုတဲ့သူတောင် ဘေးကပြောတာ ကြားပါများ၊ ဘယ်ပြန်လို့ ပြန်ရမှန်း မသိတဲ့သူတွေ ထွက်သွားရတာ မြင်ပါများတော့ သိလာကြပြီ။
ခုတော့ တပ်အသိုင်းအဝိုင်းမှာ ကိုယ့်ထွက်ပေါက်ကို ကိုယ်ရှာဖို့ ပြောလာကြပါပြီ။ တချို့ကလဲ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေါ့လို့ ပြောကြတယ်။ တကယ်က ရွေးကောက်ပွဲနဲ့ ထွက်ပေါက်လုပ်လို့ မရဘူးလေ။ ကိုယ်က ရွေးကောက်ပွဲဖျက် အာဏာသိမ်းလာတာ မဟုတ်လား။ ရွေးကောက်ပွဲမှန်သမျှ ဖျက်ဆီးလာခဲ့တာ မဟုတ်လား။ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကကျ ဖာဆန်လွန်းတာထက် ဟိုဘက်ရောက်နေပြီလေ။ လက်တွေ့မှာကလည်း မဲပုံးထောင်ဖို့ မပြောနဲ့ မယကအဆင့်တောင် ဗြောင် ရုံးမတက်ရဲတာ။
အဲဒါဆို ရွေးကောက်ပွဲနိုင်တဲ့အစိုးရ အာဏာပြန်အပ်မလား၊ အိုကေတာပေါ့။ ဒါပေလို့ ခုသတ်ထားတဲ့လူတွေအတွက် ဘယ်သူ တာဝန်ခံမလဲ။ တာဝန်အရှိဆုံးက မအလနဲ့ စကစအဖွဲ့ဝင်တွေလေ။ အာဏာတင် ပြန်အပ်လို့မရ၊ သူတို့ပါ ဖမ်းပြီး အပ်မှရမယ်။ တရားစီရင်ခံဖို့ လိုတယ်လေ။ ကြောင်ကို ဘယ်သူ ချူဆွဲမလဲ။ သူတို့အပ်ပြီး တာဝန်ယူ တာဝန်ခံရှင်းပြီးရင် တပ်မတော်တခုလုံးလက်နက်ချရမှာ။ ဖျက်သိမ်း၊ ဒါမှမဟုတ် ပြန်ဖွဲ့စည်းတာ ခံရမှာ။ အဲဒီမှာ တပ်က ထွက်ချင်သူလဲထွက်လို့ရ။ အရေးယူခံသင့်တဲ့သူလဲ အရေးယူခံကြပေါ့။ တပ်သားလေးတွေကတော့ ထွက်လို့လည်း ရမယ်၊ အရေးယူခံရတာလည်း နည်းမှာပါဘဲ။ သူတို့က ခိုင်းရင် လုပ်ရတဲ့သူတွေဆိုတော့လေ။ ခု သူတို့ CDM ဝင်သွားတော့လဲ ဘယ်သူမှ သူတို့နောက်ကြောင်းမေး အရေးယူတယ်ဆိုတာမှမရှိဘဲ။
တခြားထွက်ပေါက်က မရှိ။ ဟာ အဲလိုဆို နိုင်အောင်တိုက်မှာပေါ့လို့တော့ မစဉ်းစားနဲ့။ မနိုင် နိုင်တာရော၊ တိုက်ချင်စိတ် မရှိတော့တာရော၊ တပ်သားအသစ် မရနိုင်တော့တာရော၊ ဘတ်ဂျက်ရော၊ ဘာရော ညာရော ဘာမှ မလွယ်တော့ဘူး။ အဲဒီလို တိုက်မယ်ဆိုရင်တော့ ထွက်ပေါက်မရနိုင်တော့ဘူးလေ။
အဲဒီလိုတိုက်တာဟာ ထွက်ပေါက်မဟုတ်လို့ ထွက်ပေါက်ရှာရတော့မှာ ပြောတာပြလေ။ ဗိုလ်တွေ ပဲ များနေရင် တပ်သားတွေက သူ့လမ်းသူ ရွေးသွားမှာ။ တကယ်တမ်းကျ ထွက်ပေါက်က တပ်သားတွေအတွက် မခက်ဘူး။ လက်နက်ချလိုက်မလား၊ CDM လုပ်လိုက်မလား၊ အေးဆေးဘဲ။ အကုန်လုံးကလဲ ဝမ်းမလီးဝဲလ်ကမ်းဘဲ။ သူတို့မရှိတော့ရင် ဗိုလ်ချည်းပဲ တပ်လုပ်လို့မှ မရတာ။ သူတို့ပဲ နေစရာအိမ် သုံးစရာငွေ မရှိတာ ဆိုတော့ သူတို့ကတော့ ဒီလမ်း ရွေးလိုက်မှကို မိသားစုပါ ဘဝအာမခံချက် ရှိမှာလေ။ ပြီးတော့ သူတို့က တိုင်းပြည်ကယ်တင်ရှင် ဖြစ်အုံးမှာဆိုတော့ တိုင်းပြည်ကလဲ သူတို့ အဆင်ပြေအောင် စောင့်ရှောက်မှာဆိုတာ သိကြပါတယ်လေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar