Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - Operation 1027


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - Operation 1027

(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၃


ခပ်တည်တည်နဲ့ တိုင်းရင်းသားဒေသတွေ သွားပြီး ဗမာတန်ဘဲနဲ့ အုပ်ချုပ်မင်းမူနေတာတွေတော့ အဆုံးသတ်တော့မယ်။

နွေဦးရဲ့အမှတ်တံဆိပ် “အုပ်ချုပ်၍ မရစေတာ” ဆိုတာကို သဘောပေါက်ရောပေါ့။ မပေါက်၊ ကတ္တရာလမ်းပေါ် ဝမ်းလျားမှောက်RIPရုံ ရှိတော့တာဘဲလေ။ ဘာမှ မတတ်နိုင်ဘူး။ CDM လုပ်ပါဆိုတာကို ဝါးတားတားလုပ်နေတာ၊ လာတိုက် သေမှာဘဲလောက်ကို မစဉ်းစားတတ်တာ။ သေနတ်ကို သူတို့ဘဲ ကိုင်ရတယ်လို့ အူကြောင်ကြောင်ထင်နေတုန်း။ သေနတ်ဆိုတာ သူတို့ပစ်မှ သေတာလို့ ပေါတောတောမှတ်နေတုန်း။ တပ်သားတဖြည်းဖြည်းပြုတ်လာလို့ မအလအဖုတ်ခံရမယ့်ရက်တောင် လက်ချိုးကြည့်လို့ ရနေတာကို သဘောမပါကြတာ။ တေဘီပေါ့။ တေပြန်ရင်လဲ အသံထွက်မငိုရ။ ကျန်ရစ်သူဒုက္ခကလဲ မျက်ရည်တောင် ခိုးသုတ်ရ။ 

တပ်သားရှိမှ စစ်တပ်လေ။ ခုဟာက တပ်သားပြတ်တောက်မှုကြီး ဖြစ်ပြီး ဒစ်လည်နေဘီ။ ဒါကို ရုပ်တည်နက် တိုင်းရင်းသားဒေသတွေကို ဒါကြီးက ဝ၊ ရော့ ကချင်၊ အင့် ပအိုဝ်း၊ ဒါက ပလောင်၊ ဒီကောင်က ကိုးကန့်အတွက်၊ ဒီအကွက်ကတော့ ရှမ်း၊ ဒီအခြမ်းက ဓနု၊ ဒီအစုက ရှမ်းနီဘာညာနဲ့ မွေးနေ့ကိတ်ခွဲကျွေးသလို ကျွေးဖို့ ဒါးတပြင်ပြင် ဝင်လုပ်နေတာ။ မင်းက မွေးနေ့ရှင်လားဆိုတော့လဲ မဟုတ်။ မင်းမွေးနေ့သိလားဆိုတော့လဲ မတ်လ၂၇လိုလို၊ ဘာလိုလို၊ မရေမရာ။ ဘေးအိမ်က နွားမကြီးမွေးတုန်းကဆိုတာမျိုး။ တကယ်တော့ တပ်ဟာ တိုင်းရင်းသားဒေသတွေမှာတော့ အဖေမပေါ်ဘဲ မွေးလာတဲ့ကောင်လေ။ အဲဒါကို အတည်ပေါက် မဟာဆီမဟာသွေးတဝင်းဝင်းနဲ့ အိမ်ရှေ့မင်းသားလေးလိုလိုလုပ်ပြီး နန်းတက် ဘိသိပ်ခံ အုပ်ချုပ် မင်းလုပ်နေတာ။ တကယ်တော့ လူမျိုးလဲ မတူ။ သူ့စကားလဲ မတတ်။ သူ့ယဉ်ကျေးမှုဓလေ့လဲ နားမလည်။ မိုးပေါ်ကျလိုလို မြေတိုးထွက်ယောင်ယောင်၊ အမှန်က လေဥ။ 

ခုတော့ ဟိုက ကျွေးဘီ။ လစ်တော့တဲ့။ နိုင်ငံရေးဖင် ဆက်မယားတော့နဲ့တဲ့။ ဖင်ယားတာ ဆေးမရှိဘူးတဲ့။ မလစ်ရင် ဂစ်မယ်။ ဒါတောင် ရှမ်းမြောက်ဘဲ ယမ်းဖောက်သေးတာ။ ရှမ်းတောင်က ယမ်းကြောင်နေလို့ သက်သာနေတာ။ AAကပါ ဘေးဘေဆိုလို့ကတော့ ဘုရားလက်လှန်ချိုးထားတဲ့ကောင်တွေတော့လား၊ အဘား အဘားတောင် အော်နိုင်မယ်မဟုတ်ဖူး။

ဒီကရှေ့လျှောက် ဖက်ဒရယ်တွေ ဒီမိုကရေစီတွေ ရွေးကောက်ပွဲတွေ ဆက်ပြီး ပေါက်ပေါက်ဖောက်မနေတော့နဲ့။ နှုတ်သီးရောင်သက်သာအောင်နေ။ မတန်မရာ ဝေါဟာရတွေသုံးလွန်းလို့ ပါးစပ်လဲ မျောက်ဖင်ဝ ခွေးချထားသလိုဖြစ်နေပြီ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar