Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တောင်ခွေး မြောက်ခွေး မကယ်နိုင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တောင်ခွေး မြောက်ခွေး မကယ်နိုင်

(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၃


ဖင်ယားတဲ့အမှု အာမခံမရှိဆိုတာ မအလနဲ့ ဇမလ သားဖနှစ်ယောက် သဘောအပေါက်လွန်နေရော့ပေါ့။

ဇမလဆို လေသံလေးများတောင် နေထိဖယောင်းဖြစ်လို့။ အဲဒီ‌ဖယောင်းသံလေးနဲ့ လုပ်တဲ့ သတင်းညာမရှင်းမလင်းပွဲမှာ စခန်းကိုးဆယ်ကျော် ပါသွားတာကို ကိုးကန့်မိသားစုပြဿနာလိုလို ယီးတီးယားတားတွေ ပြောတော့ ကိုးကန့်က စိတ်ချ၊ အဆုံးထိကြိတ်မှာတဲ့။ စာ သေချာဖတ်တဲ့။

ဟို‌တနေ့က တရုတ်သတင်းစာကို သွားပြီး ဝ-နဲ့ မိုင်းလားနယ်ထဲမှာ ရဲရယ် လဝကရယ် အကောက်ခွန်ရယ်အထည့်ခံဖို့၊ ဖိအားပေးပြောပေးဖို့၊ ဒါမှ ကျားဖြန့်နှိပ်နိုင်မှာလို့ ဖင်ယားအာချောင်ထားလို့ ဝ-က ငါ့နယ်ထဲ ကျွံလာလို့ကတော့ အပေါ်ကကျွံကျွံ အောက်ကကျွံကျွံ သွန်မှာလို့ ထုတ်ပြောဘီလေ။ မိုင်းလားကလဲ ဘာထူးလဲ၊ ဘယ်ဘက်မှ မပါဘူးဆိုတာ စေ့စေ့တွေးတော့ ငါ့ထဲ လာမရှုပ်နဲ့ ပြောတာဘဲလေ။ 

ရှမ်းမြောက်နဲ့ ရှမ်းတောင် ဆက်ထားတဲ့လမ်းတွေကလဲ SSPP ပိုင်နယ်တွေချည်းဘဲ။ ဂိတ်ကြေးမပေးဘဲ ဖြတ်လို့ရမလား။ ကြိတ်မှာပေါ့။ သူတောင် ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာနဲ့ ဘုရားဖူးကားဖြတ်ရင်ကို ပိုက်ဆံနင်းကန်တောင်းတာ။ ခုဆို ရှမ်းတောင်မှာ ပအို့ဓလေ့ ရှမ်းဓလေ့ သီတင်းကျွတ်ဘုန်းကြီးကျောင်းတက်တဲ့ကားတွေပါ တသိန်းတောင်း ငါးသောင်းတောင်း လိုက်တောင်းနေလို့ ဂွကျနေကြ။ ရွာတိုင်း သွားကြတာလေ။ တချို့ရွာ ‌ကားငါးစင်းစာ ငါးသိန်းပေးခဲ့ရတာ။ ဘုန်းကြီးတောင် ကောင်းကောင်းမကန်တော့နိုင်တော့ဘူး။ ဘယ်ဘုန်းကြီးကမှလဲ ဘာမှ မတတ်နိုင်ဘူး။ ဘုရားဒကာ စစ်တပ်ကို မျက်စတောင် မချီရဲဘူး။ 

ခုဆို ရှမ်းတောင်မှာ ပြောင်းထွက်ချိန်။ ပြောင်းဒိုင်ဆို သိန်းငါးဆယ်၊ ပြောင်းကားတစီး တသိန်း မုဒိမ်းလိုက်ကျင့်နေတာလေ။ ပအိုဝ်းတွေ အတော်တင်းနေကြပြီ။ လုပ်သမျှ စားရတယ်ကို မရှိတော့တာ။ ရွာတွေဝင် မိုက်ကြေးခွဲတာက လစဉ်။ သေနတ်ဖိုး ကျည်ဖိုး ရိက္ခာဖိုးတင်မက မုဆိုးမဖိုးပါ ခွဲတာကိုး။ 

ရှမ်းမြောက် ရိက္ခာပို့ စစ်ကူသွားတာ ဖရီးဖြတ်ဖို့ဖြင့် စဉ်းစားမနေနဲ့တော့။ ဘယ်မှာမဆို ငါတို့အလှည့် လာဘီချည်းဘဲနော်။ ရှမ်းပြည်မှာ လက်နက်ကိုင်တပ်တွေက ကိုယ့်နယ်ကို ချုပ်ထားလိုက်ရင် မအလတို့ စစ်တိုင်းလိုက်ပါ မျက်စိသူငယ် နားသူငယ်ဖြစ်သွားမယ်။ အားလုံးက အလှည့်စောင့်နေကြတယ်ဆိုတာ သဘောပေါက်။ ရပ်စောက် နောင်ချိုလမ်းလဲ ဓနုပီဒက်က တက်မလာနဲ့တဲ့။ ပအိုဝ်းကလဲ သူ့ဗိုလ်မှူး ဖမ်းထားတာ ကျေနပ်မယ် ထင်မနေနဲ့။ မြောက်ခွေး တောင်ခွေးမကယ်နိုင်ဖြစ်ပြီ။

ခုတော့ ခွေးရူးလူဝိုင်း၊ အင်း ခွေးဆိုတာ ရူးပြီးရင် သေရတာဘဲလေ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar