Breaking News

ကျော်ဟုန်း - တလှိုင်းပြီး တလှိုင်း လာမယ်

Art by Than Htay Maung
တလှိုင်းပြီး တလှိုင်း လာမယ်
ကျော်ဟုန်း
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၃

လူငယ်တွေက ပြတ်တယ်
သွေးကြွေး - ဆွေးနွေးရန် မရှိတဲ့
သွေးကြွေးအတွက်
တလှိုင်းပြီးတလှိုင်း လာမယ်။

လူရွယ်တွေက ခတ်တယ်
ဘဝပျက်အကြွေး- အလျော်ပေးတဲ့
ဘဝသစ်များအတွက်
တလှိုင်းပြီးတလှိုင်း လာမယ်။

ဒါတင်ပဲလား
ဘယ်ကမလဲ။

ပြည်သူ့ အိုးအိမ်ဖျက် ချွေးကြွေး
ပြည်သူ့ ဥစ္စာဖျက် မျက်ရည်ကြွေး
ကျိန်စာတွေ တရစ်ရစ်တက်
တလှိုင်းပြီးတလှိုင်း လာမယ်။

မေတ္တာရှင်ရဲ့စေ့စပ်မှုက်ို
စုံကန်ခဲ့မှတော့

ထမင်းရှင်ပြည်သူအပေါ်
ကျေးဇူးကန်းရဲခဲ့မှတော့

ရာဇဝတ်သင့်
ဓမ္မဒဏ်သင့်ပြီပေါ့။

ဘယ်သူမပြု
မအလများအမှု
တလှိုင်းပြီးတလှိုင်း လာမယ်။

၂၁ ရာစုဟာ
၁၉ ရာစု မဟုတ်ဘူး
၂၀ ရာစုမဟုတ်ဘူး
ကိန်းသေထားလို့မရတဲ့ ပြောင်းလဲခြင်းမှာ
ကိန်းသေအကွက်တွေနဲ့ မအလများ
၂၁ ဂျန်ဇီများရဲ့ အကွက်သစ်များဟာ
မဟော်သဓာရဲ့ ဆုံးမခန်းများပမာ
တလှိုင်းပြီးတလှိုင်း လာမယ်။

တိုင်းရင်းသားတပ်မတော်ခေါင်းဆောင်တွေက
ရှေ့ရေးကြိုပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်
ချေမှုန်းနဲ့ ချုပ်ငြိမ်း ဝိသေသခွဲတယ်
အသိရှိသူ ပြည်သူ့ဘက်ပြောင်း
အသိကင်းသူ ဝိညာဉ်ပြောင်း
ရွေးခွင့်ပေးရင်း ချီတက်
တလှိုင်းပြီး တလှိုင်း လာမယ်။

သဘာဝဓမ္မရဲ့လျစ်လျူမရှုမှုဟာ
တန်ပြန်ခံစားရခြင်း
တူသောအကျိုးပေးခြင်းနဲ့
ကျစ်လျစ်ထားမြဲ။

ဒါကြောင့်
ဗေဒင် မမေးနဲ့
ယတြာမချေနဲ့ မအလ
ဆေးမမီတော့ဘူး
ခုစနေပြီ
တလှိုင်းပြီးတလှိုင်း လာမယ်။

ဗုဒ္ဓဘုရားလည်း မိန့်ခဲ့တယ်
ကိုယ်ပြုသမျှကံ
ကိုယ်ထံ လာမယ်
ပြည်သူနဲ့ အနာဂတ်ကို ကျည်သင့်စေခဲ့တော့
မအလများဘက်ကို ကျည်ပြန်သင့်ခဲ့ပေါ့
ဂိမ်းကစားရာက
ဒရုန်းကစားတတ်ခဲ့ လက်နုတွေဟာ
ပီလေတပ်ရဲ့ စွမ်းဆောင်ချေမှုန်းခြင်းတွေနဲ့
တလှိုင်းပြီးတလှိုင်း လာမယ်။

ပြည်ပဆန်ရှင်တွေကလည်း
ဘဏ်ငွေစီးဆင်းမှု ပိတ်
ဝင်ငွေစီးဆင်းမှု ပိတ်
ပညာရှိလက်နက် အမျက်မထွက်
အရိပ်နဲ့တင်
အသက် ဘယ်က ထွက်ရမယ် မသ်ိ

ထပ်ပြောမယ်
ဗေဒင်မမေးနဲ့
ယတြာမချေနဲ့တော့ မအလ
ဆေးမမီတော့ဘူး
တလှိုင်းပြီးတလှိုင်း လာမယ်။

  ၂၃၁၁၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar