နာဆာ၊ အိုဇုန်း၊ စီးပွားရေးအထွေထွေ ဒီနေ့သတင်းခေါင်းစဉ်တွေနဲ့ သောင်းပြောင်းထွေလာ
နာဆာ၊ အိုဇုန်း၊ စီးပွားရေးအထွေထွေ ဒီနေ့သတင်းခေါင်းစဉ်တွေနဲ့ သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၃
NASA ၏ Lucy အာကာသယာဉ်- အာကာသယာဉ်သည် ဂျူပီတာသို့ အသွားလမ်းမှာ ၎င်း၏ ပထမဆုံး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၁၀ ခုကို ဖြတ်သန်းသွားခဲ့သည်။
အိုဇုန်းပေါက် - ပင်လယ်မီးတောင်တွေပေါက်ကွဲနေမှုကြောင့် ပိုဆိုးလာမည် ထင်နေကြသော ကမ္ဘာလေထုက အိုဇုန်းပေါက်သည် ပျမ်းမျှအရွယ်အစားခန့် ကထက် ပိုပြီး ဆိုးမလာပါ။
အိန္ဒိယ၏စီးပွားရေး- အိန္ဒိယသည် တရုတ်၏ အကျကို ရင်ဆိုင်နေရချိန် ၎င်း၏စီးပွားရေးမှာ အတက်ဘက်ကိုသာ ပြနေသည်။
Walgreens- ဆေးဆိုင်ကြီးများတွင် စီးပွားရေး အကြပ်ဆိုက်နေသဖြင့် ကော်ပိုရိတ်ဆုကြေးများကို မပေးနိုင်တော့ဟု ဆိုပါသည်။
သမတဟောင်း၏ မိသားစုဝင်များ ဖြစ်သည့် အဲရစ်နှင့် ဒေါ်နယ်ထရန့်ဂျူနီယာ- သမ္မတဟောင်းကို အမှုစွဲထားသည့် နယူးယောက်တွင် အရင်းအနှီးများ ငွေကြေးလိမ်လည်ပြမှုများအတွက် ရုံးချိန်းတွင် လာရောက် ထွက်ဆိုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ Bureij ဒုက္ခသည်စခန်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူ ၁၅ ဦး သေဆုံးပြီး အဆောက်အအုံများ ပျက်စီးခဲ့သည်။
ထူးထူးခြားခြား ဘာပြောစရာရှိလဲ
ဟားမတ်စ်-အစ္စရေး စစ်ဖြစ်နေတော့ ဘက် ၂ ဘက် လိုက်တဲ့သူတွေ တင်းမာမှု ရန်လိုမှု အငြင်းပွားမှုတွေ တိုးပွားလာပါတယ်။ အထူးသဖြင့် - တက္ကသိုလ်ကျောင်းသားတွေထဲက စစ်ဆန့်ကျင်ရေး တက်ကြွသူတွေအချင်းချင်း ဆန္ဒပြကြ၊ ရန်ဖြစ်ကြ အတော် ဆိုးဝါးပါတယ်။ အမေရိကန်က မဘသပါတီ (ထရန့်ပါတီ) က အောက်လွှတ်တော်အမတ်တွေက အစ္စရေးအတွက် စစ်အကု ဘီလျံ ၁၄ သန်း ချပေးရာမှာ - အမေရိကန်အခွန်ရုံး ဘတ်ဂျက် ၁၄ ဘီလျံကို ဖြတ်တောက်ပြီး ပေးတာမို့ အထက်လွှတ်တော်နဲ့ သမတ ဂျိုးဘိုင်ဒင်က ဗီတိုနဲ့ ပယ်မယ်လို့ တုန့်ပြန်ထားပါတယ်။ နိုင်ငံတော်အခွန်ရုံး ဘတ်ဂျက်ကို ဖြတ်လိုက်ရင် အမေရိကန်ဘတ်ဂျက်လိုငွေပိုဆိုးမယ်လို့ အမေရိကန်က ဒီမိုကရက်ပါတီက ထောက်ပြ ဝေဖန်ပါတယ်။
အမေရိကန်မှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီက အာဏာ ပါဝါ ဩဇာအတွက် တဦးကို တဦး တိုက်ခိုက်ဖို့သာ စိတ်ဝင်စားကြတာမို့ အများပြည်သူအကျိုးအတွက် စဉ်းစားလေ့မရှိပါ။ ယူကရိန်းစစ် အစ္စရေးစစ် နဲ့ မက္ကစီကိုနယိစပ် လူဝင်မှုကြည့်ကြပ်ရေးပြသနာတွေဟာ နိုင်ငံရေးအရောင်တွေ ခြယ်လိုက်တဲ့အခါ လူသားဆန်မှုတွေ ပျောက်ဆုံးကုန်တာ တွေ့ရပါတယ်။
အမေရိကန် စတော့စျေးကွက် ပျက်မှာလား - လက်ရှိမှာ Fed လို့ခေါ်တဲ့ ပြည်ထောင်စုဗဟိုဘဏ် ဦးဆောင်သူတွေက ပြည်ထောင်စုငွေတိုးက အခု ၅.၅% ဖြစ်ပါတယ်။ အခုတော့ ရှေ့ဆက် မတိုးသေးဘူးလို့ ဆိုပါတယ်။ အခုလို အတိုးနှုန်းကို မတိုးဘူးလို့ ဆိုလိုက်လို့ ယခင်တပတ်က တောက်လျောက်ကျ နေတဲ့ စတော့ ရှယ်ယာတွေ စျေးပြန်တက်လာပါတယ်။ စစ်ဖြစ်နေတော့ လူတွေက စတော့ ရှယ်ယာတွေကို ရောင်းပြီး ငွေဖော်ကြ၊ အခြား မြုပ်နှံမှုတွေ ပြောင်းကြ၊ စစ်ပွဲတွေထဲ ထည့်ဝင်ကြတာမို့ အခုလို စတော့ ကျတာ၊ စျေးကွက်ပျက်မှာ စိုးရိမ်မှုတွေ ဖြစ်ကုန်ကြပါတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar