ဖိုးရွှေညီမှိုင်း - သီချင်းသစ်
သီချင်းသစ်
ဖိုးရွှေညီမှိုင်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၃
နွေပြီးရင် မိုး
မိုးပြီးရင် ဆောင်း
ဆောင်းပြီးရင်နွေ
ဓာတ်ပြားအပေါ်
အပ်ကြောင်းတွေထပ်တော့
ကြေကွဲစရာ
အလွမ်းသီချင်းဇာတ်ကြီးက
မဆုံးတတ်တော့သလို ...
ခေတ်တွေ ... ခေတ်တွေ
အမြစ်အခြေကစ
အမှားတွေအပေါ်
အထပ်ထပ်အမှားတွေနဲ့
အလွဲတွေအပေါ်
အထပ်ထပ်အလွဲတွေနဲ့
မှားနေ ... လွဲနေဆဲ
အို ...
သည်းခြေရှိသူ အဆွေအပေါင်းတို့
ဒီနွေမနှောင်းခင် ...
ထပ်ကျော့အလွမ်းဇာတ်သီချင်းကြီး
အပြီးဆုံးပါစေ
အခဲမကြေသမျှ အကြေခဲနိုင်ကြပါစေ
လွဲနေသမျှ အကုန်တည့်လို့
သီချင်းအသစ်ဆို အခြေစွဲနိုင်ရပါစေ ... ။
၂၀၂၃ အောက်တိုဘာ ၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar