လေခဏီ - သတင်းသုံ့ပန်း
လေခဏီ - သတင်းသုံ့ပန်း
(မိုးမခ) ဒီဇင်ဘာ ၃ ၊ ၂၀၂၃
အော်ဆဲကြုံးတဲ့ ဇော်မဲလုံး ဆိုတဲ့ကောင်က မျက်နှာနဂို ရုပ်ပိုးထိုး ပုပ်သိုးသိုးကို တမင်မာထန်ပြီး အဆင်ဖွာလန်ပြ။ ဖာဆန်တယ်လို့ပြောရင် ဖာသည် အားနာရတဲ့အဆင့် ဆိုတော့ မပြောတော့ပါ။
လက်ယက်ကုန်းမှာ ကလေးတွေ အစုအပြုံလိုက် စက်သေနတ်နဲ့ သတ်ဖြတ်မှု၊ အနမ့်ပါ ပဇီကြီးနဲ့ မုန်လိုင်ခက်မှာ အလွန်ပြင်းထန်တဲ့ဗုံးကျဲချ တပြိုင်တည်းလူရာချီသတ်ဖြတ်မှုတွေ စစ်ရာဇဝတ်ဂိုဏ်းက ကျူးလွန်တိုင်း အဲဒီ ယုတ်ကန်းမာထန် အော်ကြော့လန်ကောင်က မဟုတ်တန်းတရားတွေနဲ့ စကားမုဒိမ်းကျင့်နေကျ။
၁၀၂၇ အော်ပရေးရှင်းနဲ့ ညီနောင်သုံးဖော် အမုန်းဆော်ကထဲက လေလျော့သွားတဲ့ ကျွတ်လို ဖွတ်လိုက်ဖွတ်လိုက်နဲ့ ပျော့ပျော့သွားလိုက်တာ ငါးသလောက်ပေါင်းသံနဲ့ သတင်းစာရှင်းရတဲ့ဘဝရောက်ကရောဘဲ။
ဇော်မဲလုံး သံချုံးပျော့ညံ့ မခန့်တရံမပြောရဲတော့တာကို မင်းကင်းမောင်မြင့်က အားမရ အသံရော မန်ရော ဟန်ရော ထထကြွကြွရှိဖို့ သတိပေးပို့စ်နဲ့ ပလို့ဂျိလုပ်ရ။ ဒါပေလို့ ပြောတုန်းတခါဘဲ မာသယောင်ယောင် ဟောင်ကြည့်သေးတယ်၊ ဟိန်းဘို့တော့ဝေး သွေးအားနည်းနေတဲ့အသံမှာ မာန်လဲမချီ၊ ဟန်လဲ မပီ၊ ဌာန်လည်း မမြည်တော့။
ဘယ်လိုမြည်မလဲ၊ တပတ်အတွင်း စခန်းတရာနဲ့ သံချပ်ကာတွေ ဟောင်ဝစ်ဇာတွေအပြင် တပ်ရင်းလိုက် လက်နက်တိုက် ထိုးအပ်သွားတာတွေဆိုတော့ မိုက်ရှေ့ရပ်ဖို့ ဆိုတာ ဆင်ရှေ့ရောက်တဲ့ခွေး ဖင်သီသလို မဲလုံးခမျာ အသံ တရွတ်ဆွဲနေတော့တာကိုး။
ဇော်မဲငနဲ အသံ နာလန်မထနိုင်တော့မှန်း သိတော့ ကျော်မျိုးမင်းတို့ ကျော်စိုးဦးတို့ကလဲ ရှေ့တန်းကျတပ်မတော်သားများကို တဖွဲ့လုံးပေါင်းမှ သုံးသောင်းပဲ လှူတဲ့ မိုးဟိန်းတို့ သူရိယကို ကျော်ချင်ခွချင် ပြန်ကြားရေးဘုရင် လုပ်ချင်တော့ ဒီရက်ပိုင်း ပိုအူပြ ဟောင်ပြ တောင်ပြနေကြလေရဲ့။
တောင်ပြဆို မိုးဟိန်းက အယ်ဘ ပျော့သည်ပြောတာကိုး။ ကျော်မျိုးမင်းဆို ငမဲကို ဟားချက်များ ဘက်မှားနေသလားတောင် ထင်ရ။
ငမဲငနဲခမျာမလဲ အသံတင်ပျော့တာမဟုတ်၊ ဟန်ပါမကျော့ရှာတော့ ခုဆို သတင်းစာရှင်းတာ ရုပ်တောင် မပြရဲရှာ။ လေလှိုင်းအစိုးရ ဘာညာနဲ့ နုကြည်ကို ဟီခဲ့သမျှ အခွီခံနေရ။ တကယ့် လေသက်သက်လွှင့်နေရ။ ထုတ်လွှင့် မဟုတ်၊ မသာရုပ် မထုတ်၊ လနာသံပဲ လွှင့်တော့ တိုင်းပြည်လဲ ပျို့ချင် အန်ချင်စိတ် လျော့တာပေါ့လေ။
ခုအသံတောင် စကစပိုင် ပြန်ကြားရေးဌာန ပျောက်လို့ Yangon Media Group ဆိုတဲ့ အမည်ခွဲလေးနဲ့ ဟဲနေရ။ အပုပ်ကောင် ရုပ်ကြောင်တော့ မပြရဲရှာတော့ဘူးလေ၊ ပြလိုက်ရင် အလံဖြူ ပြတ်လပ်မှုကြုံသွားနိုင်သမို့လား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar