ကိုအောင်မှိုင်း- သူမလိုလူ ( သို့ ) ဒေါ်မာမာအေး
သူမလိုလူ ( သို့ ) ဒေါ်မာမာအေး
ကိုအောင်မှိုင်း
(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၄
အကြောင်းမသိသူတွေက
သူမဟာ ဂန္ထဝင်အဆိုတော်
အနုပညာရှင်ကြီး။
အကြောင်းသိသူတွေက
သူမဟာ တော်လှန်ရေးသမား
ယုံကြည်ချက်တွက် စွန့်လွှတ်သူ
ငြိမ်းချမ်းရေးတွက် တိုက်ပွဲဝင်သူ
အနုပညာနဲ့ နိုင်ငံတည်ဆောက်ချင်သူ။
သူလိုလူတွေက
လှေကားထစ်တွေ
ပန်းပေါင်းတရာပွင့်ဖို့
ကျောခင်းပေးခဲ့သူတွေပေါ့။
အဖိုးမှိုင်း ဂူဗိမာန်ရှေ့
တော်လှန်တေး ရဲရဲဆိုခဲ့သူ
ယုံကြည်ချက်က ပြည်သူ့မူ
လက်သုံးချောင်း ရဲရဲထောင်ခဲ့သူ
ငြိမ်းချမ်းရေးတွက် တိုက်ပွဲကိုယုံသူ။
သူမက ပြည်သူကိုချစ်
ပြည်သူက သူမကိုချစ်
အော်
ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ရသူ
လူထုနှလုံးအိမ်ကို သိမ်းယူသွားခဲ့သူ
သူမလိုလူ သူမလိုလူ သူမလိုလူ။
ကိုအောင်မှိုင်း
ဇန်နဝါရီလ ၉ရက် ၂၀၂၄ခုနှစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar