နိုင်မွန်အောင်သွင် - မရေခဲ
Art by NA
မရေခဲ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၄
အိပ်စက်နေတာလား
အေးစက်နေတာလား။
နေရာတကာ
ဗုံသံတွေနဲ့။
မင်းကတော့
ခြေသံလုံလှချည့်။
ကျောပိုးအိတ်ထဲ
မလျှော်ဖွတ်ရသေးတဲ့အလံတွေ
မရေမရာကြေမွလို့။
သစ်ပင်တွေလဲပြိုနေတာ
ဖာသိဖာသာကြောင်တောင်ကန်းလို့။
ရုပ်ရှင်ရုံကပိုစတာတစ်ခုမှာ
ငါ့ရဲ့စိတ်ကူးတွေ ကွာကျလို့။
ငှက်တွေပျံနေတာကြည့်ငေးနေမိတယ်။
နီးနီးလာသမျှ
ပြန်ပြန်ဝေးသွားရတာတွေချည်းပဲ။
မင်းကို
ချမ်းချမ်းနဲ့
လွမ်းနေတယ်လို့ မှတ်ထားလိုက်ပါ မရေခဲ။
၇.၁.၂၀၂၄
* ဖာသိဖာသာ = ဘာသိဘာသာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar