Breaking News

မြင့်အောင်သန့် - သုံးနှစ်သုံးမိုး

မြင့်အောင်သန့် - သုံးနှစ်သုံးမိုး

(မိုးမခ) ဖေဖာ်ဝါရီ ၁ ၊ ၂၀၂၄


အကျဥ်းထောင်ထဲမှာ

သုံးနှစ်ဆို

နှစ်သုံးဆယ်လောက် ထင်ရတယ်

ဒုက္ခကို ဖြတ်ကျော်တဲ့အခါ

သုံးနှစ်နဲ့လည်း

မလုံလောက်ပြန်ဘူး။

သုံးနှစ်သုံးမိုး

မေတ္တာစစ်တဲ့

နှစ်သုံးဆယ်အာမခံမလားဆိုတော့

မသေချာပြန်ဘူး။

သုံးနှစ် သုံးမိုး ဆိုတာ

သုံးနှစ်လား

သုံးနှစ်ပြီးတော့ နောက်သုံးမိုးလား

ငယ်တုန်းကတော့ မစဥ်းစားမိဘူး။

ထိုင်စောင့်မနေပါနဲ့

ဆက်လျှောက်ကြပါ

ပြိုင်တူတွန်းပြီးရွေ့ကြမယ်

သုံးနှစ်သုံးမိုး။


မြင့်အောင်သန့်

(၃၁၊၀၁၊၂၀၂၄)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar