Breaking News

ရဲဘော်တေး - စောက်ပုရဲ့ ဂေါက်ဥ

ရဲဘော်တေး - စောက်ပုရဲ့ ဂေါက်ဥ

(မိုးမခ) ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄

အာရေးရေး အမျိုး ဘာသာ သာသနာကြောင့် ဒုက္ခသည်ဖြစ်ကြရသူတွေက အဲဒီအမျိုးဘာသာသာသနာကြီး ကာကွယ်စောင့်ရှောက်ဖို့ စစ်မှုထမ်းရမယ်ဆိုပါလား။

ကျောက်ဖြူ၊ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းက မွတ်စလင်ဒုက္ခသည် ၃၅၀ ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး ခြိမ်းခြောက်ခေါ်နေပြီ။ အာဆာကိုလည်း လက်နက်သွားပေးသေးတာ။ အဲဒါကြောင့် မဘသတွေတောင် မအလဘောနင်ပြီး တအီအီဖြစ်နေလို့ ထန်းလျက်ယက်ရမလိုလို မျက်စားရမလိုလိုနဲ့။ တောင်ပြေး မြောက်ပြေး ဝဲစားခွေးဖင် ယင်အုံသလို ဒုက္ခအစုံနဲ့ လှုပ်ရွမကုန်ဖြစ်နေကြ။ 

စောက်ပုရဲ့ ဂေါက်ဥလို့ ခေါ်တဲ့ ဘောမှုထမ်းဥပဒေကြီးအတွက် အကျုံးဝင် ၁၃ သန်း ဘာညာ ဇော်ကျွဲလုံးက ကယောင်ကတမ်းတွေ ရွတ်ရွတ်နေတော့ ဗိုလ်ချုပ်ကြီးရွက်စစ်က ရှမ်းပြည်ရှိတဲ့လူငယ်တွေ ရှမ်းတပ်မှာ စစ်မှုထမ်းရမယ်နော်လို့ မေးပုတ်နှိုးလိုက်ရတယ်။ တတိုင်းပြည်လုံး ခွေးခြေချလို့ရသလိုလိုနဲ့ ၁၃ သန်း ၁၃ သန်း လုပ်လုပ်နေတာ။ ဟော မွန်ကလဲ ဒို့လူမျိုးတွေ လာကြလာကြတဲ့။ ရခိုင်မှာတော့ စစ်သားသစ်ရဖို့ဝေး စစ်သားဟောင်းတွေတောင် ပြေးမယ်ဆိုတာချည်း။ ဟော ခု AA အုပ်ချုပ်နယ်မြေမှာ လာနေကြတဲ့။ ကရင်ကလည်း လာလာ လာလာလာ ဒုံးယိမ်းကမယ်ကွာဆိုတာချည်း။ ညီနောင်သုံးဖော်ကသာ တမထပ်ဖွဲ့မယ်ဆိုလို့ကတော့လား အားရားရားတွေ ဖစ်ကုန်တော့မှာပဲ။ ချင်းတို့၊ ကရင်နီ တို့ဆိုတာလဲ သူ့အစိုးရနဲ့သူ ဘယ်ခွေးမှ လူမထင်ပုလေ။

စောက်ပုတပ်က သူကပ်နိုင်တဲ့ ရန်ကုန်၊ မန်းလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မုံရွာ၊ ရွှေဘိုလို မြို့ကြီး မြို့သေးတွေက လူငယ်တွေကို နှစ်လ သုံးလအတွင်း ငါးသောင်းလောက်ရအောင်ဗျင်းမယ့်သဘော ရှိတယ်။ အဲဒီလောက် မဖြည့်နိုင်ရင် သူတို့ လစ်တော့မှာလေ။ ဇော်ကျွဲလုံးရဲ့ တနှစ် ငါးသောင်း ဂျင်းယုံနေလို့ကတော့ ခံရမယ်။ 

တပ်မိသားစုထဲကလည်း ဝင်မယ့်သူမရှိတာ သေချာနေပြီ။ ဘောင်းဘီကျွတ်တွေကလည်း လူပါး၊ သူတို့လဲ မသွား၊ သူတို့သားသမီးလည်း မလွှတ်။ စစ်တပ် အမှီပြု မင်းစည်းစိမ်ခံနေတဲ့ နေရွှေသွေးအောင်နဲ့ အောင်ပြည့်စုံမှ စစ်ထဲမဝင်တာ ဘယ်သူက ယုံမှာလဲ။ ခုဟာက သေမယ့်အပတ် စစ်ထဲလိုက်တောင်မဟုတ်၊ သေမဲ့ကောင် စစ်ထဲဝင်ဖြစ်နေတာ၊ ဝင်သေ ဝင်သေ မြင်နေရတာဘဲဟာ။ ထမင်းချက်စရာ မလိုလောက်အောင် မုန့်ဟင်းခါးပဲ လှည့်စားနေရတဲ့သူတို့က ပိုသိတာပေါ့။ ခု စက်ရုံ အလုပ်ရုံတွေပါ လိုက်မျက်စပစ်နေတာနော်။ ကျားနာက တောထဲအမဲမလိုက်နိုင်တော့ ရွာထဲဝင်ဆွဲဖို့လုပ်သလိုမျိုး၊ အင်း သူတို့ကတော့ ခွေးနာ အစာချောင်း ကျီးမောင်းကြက်နှင် လုပ်ချင်ယောင်ဆောင်နေတာ။ ဘာတဲ့ တိုင်းပြည်ကာကွယ်ဖို့တဲ့။ ဟာသမှာ သာဝကို မီတဲ့ လူရွှင်တော်မရှိ။ မဘသတွေကလည်း နိုး။ အချောင်စည်းစိမ် အပျက်မခံနိုင်လို့ရယ်၊ အရိုးကိုက်ရလို့ရယ် အာနေကြတာ။ တကယ်တော့ ဘာရယ်မဟုတ်။ အသက်အသေခံ အလုပ်လုပ်ပေးဖို့များတော့ ဝေးဘာဒေ၊ ကြည့်လေ စောက်ပုရဲ့ ဂေါက်ဥ ထောက်ခံပွဲသာ ပြောတာ၊ နေ့တွက်ယူပြီး အိမ်ပဲ အသာပြန်နှပ်ကြတာ။ ဘယ်သူမှ တပ်ထဲ ဆက်မသွားကြဘူး။ 

ခုဆို လေ့ကျင့်ရေးတပ်တွေမှာ အဆောင်တွေတောင် အားချင်းချဲ့နေသတဲ့၊ မိုင်တဲမမ သွားစမ်းကြရုံပ။ တပ်မတော်အထည်ချုပ်တွေမှာ ပီဒက်တွေအတွက် စစ်ဝတ်စုံတွေချုပ်နေဆိုဘဲ။ ဘဘကြီးကိုယ်တိုင် သွားကြည့်ကြပ်၊ စေတနာဒေ ဝေဖြာနေ။ အရင် ဝခေါင်းဆောင်ကို ကျနော်ကိုယ်တိုင်ပြုတ်လာတာဆိုပြီး အပြုတ်တိုက်သလို ကျနော်ကိုယ်တိုင် ချုပ်လာတာလို့ ပြောမယ့်အကွက်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar