Breaking News

ကိုအောင်မှိုင်း - ကံကြမ္မာ

ကိုအောင်မှိုင်း - ကံကြမ္မာ

(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၄

လွမ်းရတိုင်းသာ

မျက်ရည်ကျရင်

မျက်ရည်မြစ်ကြီး ဖြစ်ရော့မယ်။

လွမ်းရတိုင်းသာ

ပန်းတွေသီရင်

ရိုးမကြီး

ပန်းတွေ ဖုံးရော့မယ်။

လွမ်းရတိုင်းသာ

မင်းအကြောင်း ပြောရင်

နေ့ နဲ့ ည ဆိုတာ

ထပ်တူဖြစ်ရော့မယ်။

လွမ်းရတိုင်းသာ

မင်းအကြောင်း တွေးရင်

ငါးကလေးကိုလည်း

သူငယ်ချင်း ဖွဲ့ချင်တယ်.....

လိပ်ပြာလေးနဲ့လည်း

စကားပြောချင်တယ်....

ပန်းကလေးကိုလည်း

ဆွေးဆွေးမြည့်မြည့် နမ်းချင်တယ်။

ဧရာဝတီရေ

ငါ့ချစ်သူကို ပြန်ပေးပါကွယ်။

ပိတောက်ပွင့်ဖူး

အရူးအမူး တွယ်တာ ဦးဦးဖျားဖျား

မင်းခေါင်းထက် ဝေခဲ့တာ။

တူးပို့သံသာ

လွမ်းစရာများ

ဖြစ်နေပြီလား

လွမ်းရတိုင်းသာ

အလွမ်းတရာ

ပန်းတရာပေါ့

အပြိုင်နှင်းစေတော့

လွမ်းရတိုင်းသာ

အနမ်းများစွာဟာ

လွမ်းလို့နေရဆဲ ရင်မှာ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar