မိုးခါး - စျေးလမ်း
စျေးလမ်း
မိုးခါး
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၄
အမှိုက်ရှုပ်မယ်
အသံရှုပ်မယ်
ညက အကြောင်းရာတွေ ပျက်ပြယ်သွားမယ့်သတင်းဖြစ်မယ်
လွယ်ထားတဲ့အတ္တကိုအာသာဖြေရမ္မက်နဲ့ကြည့်မယ်
ကြားနေကြစကားနဲ့သွားနေကြလမ်းတွေကို ဇာတ်လမ်းဆင်မယ်
အပေးအယူမှာ အနုအကြမ်းတွေပါမယ်
တယောက်ခြေရာတယောက်ထပ်ပြီး လမ်းသလားမယ်
ငါးညှီနံ့လားသားစိမ်းနံ့လား တနေ့စာအတွေး တွေးမယ်
တနပ်စာတုံ့ပြန်ခြင်းမှာ အလိမ်အညာပါမယ်
နေရောင်အောက်
မကွဲတဲ့စျေးနဲ့မတွေးဖြစ်တဲ့အရေးမှာ
ခေါင်းစဥ်တွေသွတ်သွတ်ချာလို့၊၊ ၊၊
30.6.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar