Breaking News

ဘိုင်ဒင်နဲ့ သူ၏ ပါတီ





ဘိုင်ဒင်နဲ့ သူ၏ ပါတီ

နိင်ငံတကာ သာဂိ (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၄

ဇူလိုင် ၁၅ ကစတဲ့ ထရန့်ပါတီညီလာခံမှာ ရီပတ်ဘလစ်ကန်တွေ သောင်းသောင်းဖျဖျ အောင်ပွဲခံပြီး ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ကြတယ်။ ဘုရားသခင်က ကယ်တင်စောင့်ရှောက်ထားတဲ့ ထရန့်မှတပါး ဘာမှ မရှိလို့ ပါတီထောက်ခံသူလူထုကြီးက ဒူးထောက် ဝပ်ချ ဂါရ၀ပြုနေကြတယ်။

အဲသည်အချိန်မှာ ဒီမိုကရက်ပါတီနဲ့ သူတို့ သမ္မတကြီး ဘိုင်ဒင်ကတော့ အတွင်းပဋိပက္ခတွေ ဖြစ်နေတယ်။ လူအိုကြီးကို သမ္မတဆက်ရွေးခံဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းခုံ သွေးကွဲနေကြတယ်။ ဇူလိုင် ၁၇ မှာ ကံဆိုးထီး ဘိုင်ဒင်သွားလေရာ မိုးကွက်ကြားရွာပြီး ဘိုင်ဒင်မှာ ကိုဗစ်ပိုး ဆိုက်ကပ်လို့ ဖျားနာတော်မူရရှာလေတယ်။ ဘုရားသခင်က ဘိုင်ဒင်ကို မျက်နှာလွှဲထားလိုက်ပြီလို့ အထင်ရောက်စရာပေါ့။

သနားစရာ ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေအကြောင်း နယူးယောက်တိုင်းစ်သတင်းစာ မနက်ခင်းအာဘော်မှာ ကောက် နုတ်တင်ဆက်ထားပုံကို သာဂိက အဆင်ပြေသလို ပြန် ဖောက်သည်ချလိုက်ပါမယ်။

အမေရိကန်နိုင်ငံရေးဟာလည်း မြန်မာနွေဦးတော်လှန်ရေးလိုပဲ အသံတွေထက် ဆူညံသံတွေ ပိုများပါတယ်။ Noise over Voice တွေ များတယ်။ အော်ဟစ်ဆူညံနေတော့ ဘာမှန်းကိုမသိဘူး။ လူတွေက သွေးလန့်ပြီး ကြောက်နေကြရတယ်။ တကယ် မတ်စိကို လူတွေ မဲဆန္ဒရှင်တွေ မရကြဘူး။ သည်တော့ မဲဆန္ဒရှင်တွေမှာ ပယောဂတွေ ကပ်ပြီး ဆုံးဖြတ်ချက်တွေ မှားကြရတယ်။ ဒါကို Voter Intimidation လို့ ခေါ်ကြမယ် ထင်ပါတယ်။

ကိုယ့်အရေးထက် ပါတီအရေးကို ဘိုင်ဒင်ကြည့်မလား

နိုင်ငံရေးသမားတစ်ယောက်ရဲ့ အကျိုးစီးပွားက သူ့ပါတီအကျိုးစီးပွားနဲ့ ကွဲလွဲနေတဲ့အခါ ဘာဖြစ်မလဲ။ အဲဒါက ဒီမိုကရက်တစ်ပါတီကို ရင်ဆိုင်နေရတဲ့ မေးခွန်းဖြစ်ပြီး ဒီနေ့ သတင်းလွှာရဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။

သမ္မတဘိုင်ဒင်သည် ပြီးခဲ့သောလက သမ္မတလောင်း ၂ ဦးချင်း စကားစစ်ထိုးပွဲ မှာ အစွမ်းမပြနိုင်ခဲ့ပါ။ အကြီးအကျယ်မျက်နှာပျက်ရခြင်းမှ လွတ်မြောက်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီအတွင်း သူ့ကို ဆန့်ကျင်သည့် အရှိန်အဟုန် နှေးကွေးသွားပုံပေါ်သည်။ ဒါပေမယ့် ပါတီရဲ့အခြေခံပြဿနာက မပြောင်းလဲပါဘူး- သမ္မတမဲရွေးပွဲမှာ သူ့ရဲ့ပါဝင်မှုက ဒီဆောင်းရာသီမှာ Donald Trump ကို အနိုင်ရဖို့ ဒီမိုကရက်တွေရဲ့ အခွင့်အလမ်းကို ထိခိုက်သွားပုံရပြီး ကွန်ဂရက်ကို ထိန်းချုပ်ဖို့ ပါတီရဲ့အခွင့်အရေးကို ထိခိုက်စေပါတယ်။

လူသိရှင်ကြားပွဲများတွင် Biden သည် ဇဝေဇဝါနဲ့ ပလုံးပထွေးဖြစ်နေပြီး ၎င်း၏သမ္မတလောင်းအတွက် ပြတ် ပြတ်သားသား တုံ့ပြန်ပြောဆိုမှုများပြုလုပ်ရန် အတော်ကြိုးစားနေရသည်။ မဲဆန္ဒရှင် ၇၅ ရာခိုင်နှုန်းခန့်က သမ္မတဖြစ်ရန် အသက်ကြီးလွန်းသည်ဟု စစ်တမ်းများက ဖော်ပြသည်။ ဒီမိုကရက်တစ်မဲဆန္ဒရှင်အများစုက သူ့ကို ဆန်ခါတင်စာရင်းမှာ မလိုလားကြဘူးလို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ၎င်း၏ ထောက်ခံမှုနှုန်းသည် ၄၀ ရာခိုင်နှုန်းအောက်သာ ရှိပြီး ပြန်လည် ရွေးကောက်ခံရသည့် သမိုင်းထဲကသမ္မတများအခြေအနေထက် ပိုဆိုးသည်။

ထင်ရှားသည်မှာ ယခုနှစ်တွင် အထက်လွှတ်တော်တွင် အပြိုင်အဆိုင်ရှိသော နိုင်ငံရေးစစ်မြေပြင်တိုင်းတွင် ဒီမိုကရက်တစ် အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းက အနိုင်ရနေပြီး Biden သည် ရှုံးနိမ့်နေပါသည်။

အရီဇိုးနား၊ မစ်ရှီဂန်၊ နီဗားဒါး၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင်ပြည်နယ်ရှိ ဒီမိုကရက်တစ် အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နှိုင်းယှဉ်ပါက သမ္မတဘိုင်ဒင်၏ မဲပျမ်းမျှနှုန်းကို ဇယားတွင် ပြသထားသည်။ မစ္စတာဘိုင်ဒင်သည် ပြည်နယ်ငါးခုစလုံးတွင် ရှုံးနေသည်။


အစောပိုင်းခေတ်များကဲ့သို့၊ နိုင်ငံ၏နိုင်ငံရေးပါတီများအတွင်း စုစည်းမှု ခေါင်းဆောင်မှု အင်အားကောင်းနေပါက၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် များသည် ဘိုင်ဒန်ကို အာခံလာကြမည် ဖြစ်သည်။ 1974 တွင် ရီပတ်ဘလစ်ကန် ထိပ်တန်း ရီပတ်ဘလစ်ကန်များက Richard Nixon ကို ရာထူးမှ နှုတ်ထွက်ရန် တွန်းပို့ခဲ့သည်။ 1944 ခုနှစ်တွင် Franklin Roosevelt နာမကျန်းဖြစ်သောအခါ၊ ဒီမိုကရက်တစ်ပါတီပွဲစားများက ၎င်း၏ ဆိုဗီယက်နှင့်ရင်းနှီးသော ဒုသမ္မတ Henry Wallace ကို လက်မှတ်မှ ထုတ်ပယ်ပြီး Harry Truman နှင့် အစားထိုးခဲ့သည်။

ယနေ့တွင် ပါတီများ အတွင်းစုစည်းမှု အားနည်းလာပြီး ဒီမိုကရက်တစ်ခေါင်းဆောင်များက ဘိုင်ဒင်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဝန်လေးနေကြပုံရသည်။ (Johns Hopkins မှ နိုင်ငံရေးသိပ္ပံပညာရှင် Daniel Schlozman က မကြာသေးမီက Times Opinion တွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်များသည် Biden နေရာတွင် အစားထိုးရန် အခွင့်အာဏာရှိသည်ဟု စောဒကတက်ခဲ့သည်။) ယခုအချိန်တွင်၊ ဒီမိုကရက်များသည် ၎င်းတို့အများစု မလိုလားသည့် ဆန်ခါတင်တစ်ဦးအဖြစ် ဘိုင်ဒင်ကို သဘောထားလာကြပြီး အဲဒါကို ဘာလုပ်ရမှန်းမသိဘူးဖြစ်နေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က Biden ၏ သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခါနီးတွင် သူသည် ၎င်း၏ကိုယ်ပိုင် အကျိုးစီးပွားနှင့် သူ့ပါတီ၏ အကျိုးစီးပွား ကွာခြားချက်ကို မီးမောင်းထိုးပြသည့် စကားတခွန်းကို ဖြေလိုက်သည်။

သမ္မတလောင်းလက်မှတ်တွင် ဒုသမ္မတ Kamala Harris အဖြစ် အစားထိုးမည့် ဖြစ်နိုင်ချေကို သတင်းထောက်တစ်ဦးက မေးမြန်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ စစ်တမ်းတွေက အကယ်၍ သမ္မတဟောင်း Donald Trump နဲ့ ယှဉ်ရင် ဒုသမ္မတလောင်းက အခြေအနေပိုကောင်းမယ်လို့ပြရင် ပြိုင်ပွဲမှာ ဆက်နေဖို့ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားမှာလား။" Scripps News မှ သတင်းထောက် Haley Bull က မေးမြန်းခဲ့သည်။

Biden က "မဟုတ်ဘူး၊ ငါ့ကို ဘယ်သူကမှ 'မင်းအနိုင်ရဖို့လမ်းမရှိဘူး' လို့ အဲဒါကို ဘယ်သူမှ မပြောဘူး။ ဘာစစ်တမ်းကမှ မပြောဘူး။”လို့ ဗြောင် ငြင်းဆိုလိုက်သည်။

ထိုတုံ့ပြန်မှုကို ပြန်လည်ဝေဖန်ပိုင်းစစ်ကြည့်ရန် လိုအပ်ပါသည်။ ဘိုင်ဒန်က သူ အနိုင်ရနိုင်ခြေအရှိဆုံး ဒီမိုကရက်ပါတီဝင် ဖြစ်ကြောင်း ဖြေကြားခြင်းမရှိပေ။ အမှန်မှာ၊ ၎င်းသည် Trump ကို အနိုင်ရစေဖို့ ကူညီသလိုဖြစ်ခဲ့လျှင်ပင် သူသည် ပြိုင်ပွဲတွင်ဆက်လက်ရှိနေနိုင်သည်ဟု ပြောသလိုမျိုး ဖြစ်နေသည်။ သူသည် နုတ်ထွက်ခြင်းသည် အရှုံးပေးခြင်း ဖြစ်သည် ဟူသော သဘောမျိုး သတ်မှတ်လိုက်ခြင်း ဖြစ်နေသည်။

လွန်ခဲ့သော လေးနှစ်က၊ Biden သည် Trump ကိုအနိုင်ယူရန်အကောင်းဆုံးအခွင့်အရေးဖြစ်သော ဒီမိုကရက်ဖြစ်ခဲ့သည်။ Biden သည် ၎င်း၏ အဓိကပြိုင်ဘက်များထက် ပိုမိုအားကောင်းသော ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း စစ်တမ်းများက ပြသခဲ့သည်။ သို့သော် ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် Nate Cohn မှတ်တမ်းပြုစုထားသည့်အတိုင်း ၎င်း၏ရပ်တည်မှုသည် ထိုအချိန်မှစ၍ သိသိသာသာ အားနည်းသွားခဲ့သည်။ 2024 Biden သည် သူ၏ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာကတိကို ကိုယ်စားမပြုတော့ပါ။ သူသည် လူကြိုက်နည်းပြီး အိုနေသည့်လူဟောင်းကြီး ဖြစ်လာသည်။

နောက်ထပ်ပြောပြတဲ့ လက္ခဏာတစ်ခုကတော့ Biden ဟာ သူတို့အကြောင်းပြောတဲ့အခါ စစ်တမ်းတွေကို တလွဲ အဓိပ္ပါယ်ဖွင့်သူ ဖြစ်လာပါသည်။ ဖြစ်နိုင်ခြေရှိသော မဲဆန္ဒရှင်များ၏ စစ်တမ်းများတွင် Trump ကို "အချိန်တိုင်း" အသာရနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ အဲဒါ မှားယွင်းနေပါသည်။Trump သည် ဖြစ်နိုင်ခြေရှိသော မဲဆန္ဒရှင်များ၏ သဘောထားများတွင်အမြဲအသာရလေ့ရှိသည်။ Biden သည် သဘောထားစစ်တမ်းများကို “ခေါင်းပန်းလှန်” သလိုဟု ပစ်ပစ်ခါခါ ပြောလေ့ရှိသည်။ လေ့လာသုံးသပ်သူအများစုက သဘောမတူကြပြီး Trump ကို အကြိုက်ဆုံးလို့ ယူဆထားကြကြောင်း စစ်တမ်းများကို ဖွင့်ဆိုထားကြပါတယ်။ Biden သည် စစ်တမ်းများသည် ရေလည်သည့် ရှင်းလင်းချက်မရှိဘဲ မှားယွင်းသည်ဟုစွပ်စွဲသည်။

(ဆက်စပ်- ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များက Biden ၏ လူယုံအသိုင်းအဝန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မျက်ကန်းသစ္စာခံအုပ်စုငယ်တစ်ခုအဖြစ်သို့ ကျုံ့ဝင်ပုံပြောင်းသွားကြောင်း အစီရင်ခံပါသည်။)

ဤအရာအားလုံးနှင့်အတူ၊ Biden သည် အဘယ်ကြောင့် ဆန်ခါတင်စာရင်းတွင် ဆက်လက်ရှိနေသင့်သည်အတွက် အလွန်ကောင်းမွန်သော အကြောင်းပြချက်ကတော့ အနည်းဆုံး တခုရှိပါသည်။ သူသည် အကြိုသမ္မတလောင်း ရွေးကောက်ပွဲများကို ဆက်တိုက်အနိုင်ရခဲ့သည်။ “ကြည့်ကြည့်၊ လူပေါင်း ၁၄ သန်းက ကျွန်တော့်ကို ဆန်ခါတင်အဖြစ် မဲပေးခဲ့ကြတယ်” ဟု ၎င်းက NBC News သို့ ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

သူ၏ဝေဖန်သူများသည် ငြင်းခုံမှုများပြုလုပ်နိုင်သော်လည်း၊ Biden သည် အခြေခံအကြိုရွေးကောက်ပွဲများမတိုင်မီ ၎င်း၏အိုမင်းခြင်းကိုဖုံးကွယ်ရန် လူသိရှင်ကြား ထွက်တာ စကားပြောတာတွေ လျှော့ချထားလိုက်ခြင်းကြောင့် - အမေရိကန်လူမျိုးများသည် ၎င်း၏ တမဟုတ်ချင်းစကားစစ်ထိုးပွဲစွမ်းဆောင်ရည်ကို မမြင်နိုင်ခဲ့ကြပေ။ ဒီလိုပြောင်းလဲသွားတဲ့ အခြေအနေတွေကို သိထားကြလို့ ကွန်ဂရက် ဒီမိုကရက်အမတ် ၂၀ က သူ့ကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်သည်။ နောက်ကွယ်မှာလည်း တောင်းဆိုနေကြတာ ရှိသည်။ “သူသာ ကျွန်တော်တို့ရဲ့ သမ္မတလောင်းအဖြစ် ဆက်လက်ပါခဲ့ရင် ကျွန်တော်တို့ ရှုံးမယ် ထင်ပါတယ်” ဟု ကယ်လီဖိုးနီးယားရှိ အထက်လွှတ်တော်အတွက်အရွေးခံသော အောက်လွှတ်တော် ဒီမိုကရက်တစ် အဒမ် Schiff က ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရန်ပုံငွေပွဲတခု၌ ပြောကြားခဲ့သည်။



R.B.G. ရောဂါလက္ခဏာအကြောင်း ပြန်ရှင်းပြပါမည်။

အငြိမ်းစားယူရန် ငြင်းဆိုခဲ့သည့် ၎င်းတို့၏ပါတီဝင်တဦး၏ ဖြစ်ရပ်ဆိုးက ဒီမိုကရက်အများစုကို အမြဲ ခြောက်လှန့်နေခဲ့ကြရသည်။

ဘားရက်အိုဘားမား၏ ဒုတိယသက်တမ်းအစောပိုင်းတွင် အိုမင်းမစွမ်းဖြစ်နေသည့် Ruth Bader Ginsburg အား ပြည်ထောင်စု၏ ဗဟိုတရားသူကြီးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခိုင်းခဲ့သည်။ အထက်လွှတ်တော်မှာ ဒီမိုကရက်တွေ အားကောင်းနေချိန် မိမိတို့ လူသစ်တဦးကို အစားထိုးဖို့ အိုဘားမားက ပြင်ဆင်ခြင်း ဖြစ်သည်။ သို့သော် သူမသည် ထိုသို့ပြုလုပ်ရန် ပန်ကြားချက်ကို ငြင်းဆိုခဲ့ပြီး မရေမရာသော ဆင်ခြေများ ပေးခဲ့သည်။ အိုဘားမားသည် လစ်ဘရယ်ဖြစ်သော တရားသူကြီးအဖွဲ့ဝင် ဆိုနီယာ ဆိုတိုမိုင်ယောကိုသာ ခန့်နိုင်ခဲ့သည်။ ရုသ်ဘေ့ဒါဂင်းစဘတ်သည် အငြိမ်းစားမယူဘဲ ကွယ်လွန်သည်အထိ ရာထူးကို ဆုပ်ကိုင်ထားခဲ့သည်။ ဒီမိုကရက်များအတွက် လစ်ဘရယ်တရားသူကြီး ခန့်အပ်ခွင့် ဆုံးရှုံးခဲ့ကြသည်။

အစစ်အမှန်ဆုံး အဖြေမှာ - Biden ကဲ့သို့ပင် အဆိုပါ RBG အဖွားကြီးသည် ဩဇာကြီးသော အာဏာထက်သောအလုပ်ကို မစွန့်လွှတ်လိုကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။ သူမ၏ နိုင်ငံရေးတန်ဖိုးများထက် သူမ၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးခဲ့သည်။ သူမ ကိုယ်တိုင်တိုက်ယူခဲ့သော ပြည်ထောင်စုတရားရုံးက အတည်ပြုခဲ့သည့် - အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း ဖျက်ခြင်း ကိုယ်ပိုင်ဆုံးဖြတ်ချက် အကာအကွယ်ရှိမှုကို နောင်တက်လာသည့် သမ္နတကြီးထရန့် ခန့်အပ်လိုက်သော ရှေးရိုးစွဲများ၏ ပြည်ထောင်တရားရုံးတော်က ဖျက်ချလိုက်နိုင်ရခြင်းမှာ သူမ၏ အသက် ၈၀ ကျော်သည့်အထိ ခေါင်းမာမှုများကြောင့် တစိတ်တပိုင်းပါသည်လို့ ဆိုချင် ဆိုနိုင်ပါလိမ့်မည်။

Ginsburg ဆုံးဖြတ်ချက်သည် ပါတီ၏ လစ်ဘရယ်အင်အားစုများအတွက် ဝမ်းနည်းစရာဖြစ်ခဲ့သည်။ ယခု Biden ကလည်း ၎င်း၏ အလားတူဆုံးဖြတ်ချက်သည် အဲသလိုမျိုး မဖြစ်ဘဲ တမူထူးခြားလိမ့်မည်ဟု ထင်နေပုံရသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar