ဝဇီရာဒီဖိုး - ဇူလိုင်
ဝဇီရာဒီဖိုး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၄
ဇူလိုင်
ပဲပြုတ်နဲ့ နံပြား မြင်လိုက်တာနဲ့
ဘယ်သူ့အကြောင်း ဘယ်သူ့သမိုင်းက
ဦးနှောက်ထဲ နှလုံးသားထဲ စီးဝင်လာပါသလဲ။
ဇူလိုင်
မိုးတွေရွာတယ် ရေတွေကြီးတယ် ကမ်းတွေပြိုတယ်
သေရာပါ သွေးအိုင်ကြီးထဲ
လွမ်းလို့ မဝဘူး ရေးလို့ မရပ်ဘူး။
ဇူလိုင်
မမေ့နိုင်တဲ့ အတ္တုပ္ပတ္တိနဲ့
ငါတို့ ရင်ဘတ်ထဲက အလွမ်းနာ။ ။
၁၁:၅၈၊ ၁၅.၇.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar