Breaking News

မင်းညွန့်လှိုင် - မိုးတွင်းကြီး ရိုက်ညွှန်းတစ်ပုဒ်

Image- Credit
မိုးတွင်းကြီး ရိုက်ညွှန်းတစ်ပုဒ်
မင်းညွန့်လှိုင်
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၄

မိုးထားတဲ့
မိုးကောင်းကင်မွဲမွဲကြီးအောက်က
နောက်ထပ်
မိုးလုံလေလုံအမိုးလေးတစ်ခုအောက်မှာ ။

အမှိုင်းရောင်မိုးသားများကိုဖြတ်မြင်ရတဲ့
ခန်းလုံးပြည့်မှန်ပြတင်းပေါက်ကြီးရဲ့နဘေးမှာ ။

ရောမန္တိကဆန်ဆန်
ကော်ဖီခွက်လှလှလေးကို
လွမ်းနေတဲ့လက်လှလှနဲ့
ဖွဖွကလေးကိုင်ထားပါ ။

ပြတင်းတစ်ပေါက်စာ
မိုးအတုတွေ ဖျန်းပက်ပေးပါ
ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး 
ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး ။

နောက်ခံသီချင်းက
ငိုနေမယ်မိုးသည်းထဲမှာလေ ။

Caption လား
မိုးလေးဖွဲတုန်းသတိရတယ်တို့ဘာတို့ပေါ့ ။

မြစ်ရေကြီးခြင်း
ရွာမီးရှို့ခြင်း
---------------
သတင်းတွေကိုကျော်ပြီး အသည်းပုံတွေတက်လာစေ
မိုးပျံပူဖောင်းတွေလို ။   
ကတ်။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar